Monday, May 21, 2012

HIV ကာကွယ်ဆေး တွေ့ပြီ





Truvada ဟု အမည်ပေးထားသည့် ဆေးဝါးကို အမေရိကန်နိုင်ငံ၏ ဆေးဝါးနှင့် အစားအသောက် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (FDA) မှ အသိအမှတ် ပြုပေးရန် ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုတစ်စုက တင်ပြခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း HIV/AIDS ဖြစ်နေသူများကို ကူညီစောင့်ရှောက်မှု  ပေးနေသော နယ်ပယ်ထဲမှ အဖွဲ့အစည်း အချို့မှလည်း ၄င်းဆေးကို ကာကွယ်ဆေး အဖြစ် အသိအမှတ် မပြုသင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြသည်။
သို့ရာတွင် သတင်းထောက် များ၏ အဆိုအရ HIV/AIDS တိုက်ဖျက်ရေး အတွက် သမိုင်းမှတ် တိုင်သစ်တစ်ခု အဖြစ် ရောက်ရှိ လာမည် ဖြစ်သည်ဟု ဖော်ပြခဲ့ကြ သည်။ ဂလက်စတုန်း တက္ကသိုလ် မှ ဒေါက်တာ ရောဘတ်ဂရန့်က လည်း HIV/AIDS ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည့် ခေတ်ကို ရောက် ရှိတော့မည် ဖြစ်ကြောင်း၊ ပထမဆုံး သမိုင်းဝင် မှတ်တိုင်ကြီး ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်က စတင် လေ့လာမှုများအရ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် ဂျီလတ်ဆိုင် ယင်ဝေ့က ထုတ်လုပ်ခဲ့သော Truvada ဆေးဝါးသည် ကျန်းမာ သန် စွမ်းသော လိင်တူ ဆက်ဆံသည့် အမျိုးသားများ အသုံးပြုသောအခါ HIV  ဖြစ်ပွားနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး HIV/AIDS ပိုးရှိနေပြီး လိင်ဆက်ဆံနေဆဲ ပိုး မရှိသေး သော သူများ အတွက် ၇၃ ရာခိုင် နှုန်းအထိ လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြ ရသည်ဟု ဆိုသည်။ HIV/AIDS အကြံပေးကော်မတီမှ FDAကို ၁၉ မဲ ၃ မဲဖြင့် အနိုင် ရတင်ပြထားသော အချက်မှာ ကူးစက်နိုင်ခြေ များသော လိင်ကွဲ၊ လိင်တူချင်း ဆက်ဆံမှု များသော ပိုးမရှိသေးသည့် အမျိုးသားများအား ၄င်းဆေးကို သုံးကြရန် အကြံပေး တင်ပြခဲ့ကြသည်။
၎င်းအဖွဲ့မှ လိင်ကျူးလွန်သူ များ၊ ပိုးရှိသူများနှင့် အတူ နေသူ များကိုလည်း ပိုးမကူးအောင် ကာ ကွယ်နိုင်သော ဆေးအဖြစ် ၄င်း ဆေးကို သေက်သုံးကြရန် ထောက် ခံမဲ အတော် များများ ပေးထားကြ သည်။ သို့ရာတွင် FDA က ၄င်း ဆေးဝါးကို သောက်သင့် မသင့် အတည်ပြုရန် ဇွန်လ ၁၅ ရက်နေ့ တွင် ချမှတ်သွားမည် ဖြစ်သည်။


 Myanmar Express
Unknown at 8:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.