Monday, May 21, 2012

လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်

လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက် စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထား
ကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့
ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက စတင်ပြီး အလုပ်သမားတွေနဲ့
စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ၃
ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘဲ၊ အရေးဆိုနေတဲ့
အလုပ်သမားတွေကို စက်ရုံက ဖိအားပေး အရေးယူတာတွေ ပြုလုပ်လာတယ်
လို့ အလုပ်သမားခေါင်းဆောင် တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ၀န်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ ဂရင်းရွိုင်ရယ် ရက်ချက်စက်ရုံက တာဝန်ရှိသူတွေ
ဆွေးနွေးခဲ့ပြီး လုပ်ခလစာ ၆၀၀၀ တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်က လုပ်ခလစာ ၃သောင်းလောက် တိုးပေးဖို့
တောင်းဆိုထားပါတယ်။

လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာ ညှိနိုင်းမှုတွေ စတင်တဲ့ ဧပြီ ၂၈
ရက်နေ့ ကတည်းက အလုပ်ဆင်းခွင့်မရဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်က လုပ်ခလစာ ၆၀၀၀ တိုးပေးတာကို လက်ခံတဲ့သူတွေ လက်မှတ်ထိုးရင်
စက်ရုံတွင်း ၀င်ခွင့်ပြုမယ်လို့ ဆိုင်းဘုတ်ကပ်ထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်ခလစာတိုး ၃ သောင်းတိုးပေးဖို့ တောင်းဆိုထားတာတဲ့အပေါ်မှာ ညှိနိုင်းတာကိုပဲ အလုပ်သမားတွေဘက်က လိုလားကြောင်း၊
အခုလို တစ်ဘက်သတ် ဆုံးဖြတ်ပြီး ၆၀၀၀ကျပ် ပဲပေးတာကို
လက်မခံနိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။
RFA-Burmese
Unknown at 8:46 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.