Saturday, May 19, 2012

နေပြည်တော်တွင် ပထမဦးဆုံး စက်မှုဇုန် တည်ထောင်မည်





မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နေပြည်တော်နှင့် တပ်ကုန်းမြို့အကြားရှိ မြေဧရိယာ ၅၀၀ ခန့်နှင့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကွက်ခိုင်မြို့ကြားရှိ နမ့်အွန်ဒေသများတွင် စက်မှုဇုန်များ တည်ထောင်သွားမည်ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မြေကွက်ချထားပေးရုံ ရှိပါသေးတယ်” ဟု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။ အသစ်တည်ထောင်မည့် စက်မှုဇုန် နှစ်ဇုန်တွင် လက်ရှိစက်မှုဇုန်များတွင် ခွင့်ပြုထားသော လုပ်ငန်းများ လျှောက်ထားနိုင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေသော ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ လုပ်ငန်းများကိုမူ ခွင့်ပြုမည်မဟုတ်ကြောင်း ၄င်းကပြောသည်။ စက်မှုဇုန်များတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းအလုပ်အကိုင် ဖန်တီးရေးကိုသာမက ပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုများ မရှိသော လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ရန်လည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ်တည်ဆောက်သည့်အပြင် ပြည်တွင်းမှ လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်ထားသည့် ယင်းစက်မှုဇုန် နှစ်ဇုန်အတွက် မြေကွက်လျှောက်ထားရာတွင် အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ စိစစ်ချထားပေးသွားမည် ဖြစ်သည်ဟု ၄င်းက ပြောကြားခဲ့သည်။ စက်မှုဇုန်မြေကွက် လျှောက်ထားမှုကို လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် မြေအကျယ်အဝန်းကို တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည်ဟု ၄င်းက ပြောသည်။ နေပြည်တော်တွင် တည်ထောင်မည့် စက်မှုဇုန်မှာ တစ်ဧကလဆင် ကျပ်သိနး ၅၀၀ ခန့် ပေးသွင်းရမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် တည်ထောင်မည့် စက်မှုဇုန်အတွက်မူ လျော့နည်းနိုင်သည်ဟု ဒေါ်အေးအေးဝင်းက ပြောသည်။ ယခု စက်မှုဇုန်များ တည်ထောင်ခြင်းကို မြန်မာအစိုးရမှ မူဝါဒတစ်ရပ်အနေဖြင့် ချထားပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနများနှင့် ပူးတွဲအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 7:31 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.