Sunday, May 13, 2012

ကိုကျော်စိုးနိုင် နှင့် အင်တာဗျူး (ရုပ်/သံ)


Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် အမေစု လုံခြုံရေး ကိုကျော်စိုးနိုင်၏ ဖြေရှင်းချက်ကို ထလော့မြန်မာသီချင်းသီဆိုသူ အဆိုတော်နေဇော် က သူကိုယ်တိုင်အင်တာဗျူး၊ သူကိုယ်တိုင်ရိုက်ထားတာပါ။

 ဖေ့စ်ဘုတ်ပေါ်က မှတ်ချက်တခုကိုလည်း ဖြည့်စွက်တင်ပြပေးလိုက်ပါတယ်။ လေးစားထိုက်တဲ့ လေးစားလျှက်ရှိတဲ့ ပြည်တွင်း သတင်းထောက်တွေအများကြီးပါ အရင်ကလည်း ပြောခဲ့ပြီးပါပြီ အခုတော့ ကိုရန်အောင် မန့်ထားတဲ့ ကွန်မန့်လေးနဲ့ဘဲ အဲဒီ Express timeက သတင်းထောက်ကိုမေး လိုက်ပါမယ် မင်းဘာအတွက် သတင်းထောက် လုပ်နေတာလည်း ...? Yan Aung တစ်ဖက်က လက်နက်မပါ ကျည်ကာမပါ အသံလွှင့်စက်မပါ Security Control System မရှိပဲ နေပူမိုးရွာမရှောင် ထမင်းအငတ်ခံပြီး စေတနာ အနစ်နာ ခံယူချက်အပြည့်နဲ့ ကာကွယ်ခဲ့တဲ့သူတွေကြောင့်လည်း ဒီပဲယင်းမှာ အမေစုအရိုက်မခံရတာပါ..။ အမေစု သတင်းဖော်ပြခွင့်ရရေး၊ ဂျာနယ်ရောင်းကောင်းရေး ပုံကောင်းရရေး သတင်းဦးရေးဆိုတဲ့ အတ္တနဲ့ လုံခြုံရေးတွေရဲ့ အမေစုအတွက် ဖိအားတွေ၊ တာဝန်ယူမှုတွေ အနစ်နာခံမှုတွေနဲ့ အနှစ်သာရခြင်း ယှဉ်ကြည့်ကြပေါ့ဗျာ..။ တကယ် ရှားပါးတန်ဘိုးရှိတဲ့သတင်းဖော်ပြချင်တယ်ဆိုရင် နေပြည်တော်မှာ စာဖတ်နေတယ်ဆိုတဲ့ လူကြီးအိမ်ရှေ့မှာ မတ်တတ်ရပ်ပြီး အဲဒီလူကြီး ဘာလုပ်နေသလဲဆိုတာကို ကင်မရာနဲ့ ချိန်ရဲသလား၊ ကချင်တိုက်ပွဲ စစ်မြေပြင်တွေကို တိုက်ပွဲကြားမှာ ကင်မရာကိုင်ပြီး လိုက်ရဲသလား လို့ပဲ မေးချင်ပါတယ်..။ စာပေစိစစ်ရေးက ခွင့်မပြုပေမယ့် ကိုယ်ပိုင် Facebook နဲ့ ပြည်ပမီဒီယာတွေမှာ တင်လို့ရပါတယ်..။ အခု အသံကျယ်နေသူတွေ ဘယ်သူလုပ်ခဲ့ကြဖူးလဲ..။ လုပ်ရဲ ခဲ့ကြသလဲ....။ လုပ်ခဲ့ကြလို့ အဲဒီအချိန်တွေမှာ လက်သည်မပေါ်သေသွားတာတောင် အသံတစ်ချက် ထွက်မယ်မထင်ဘူး..။

သစ်ထူးလွင်
Unknown at 9:03 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.