Wednesday, May 23, 2012

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့် ရရန် စောင့်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်ခုရှိနေ 4:26 AM သွေးသစ္စာ No comments


Written by Pyi Myanmar| Tuesday, 22 May 2012 10:15 Photo

မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့် ရရန် စောင့်ဆိုင်းနေသော နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်လိုင်းအထိ ရှိနေပြီး အားလုံးနီးပါးမှာ ယခုနှစ်ကုန်ပိုင်းမှသာလျှင် စတင် ပျံသန်း ပြေးဆွဲခြင်း ပြုလုပ်လာလိမ့်မည် ဖြစ်ကြောင်း ၁၅-၅-၂၀၁၂ ရက်က သိရသည်။

ဂျပန်၊ ကာတာ၊ ဟောင်ကောင်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ လေကြောင်းလိုင်းများသည် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းခွင့်ရရန် စောင့်ဆိုင်းနေကြပြီး အချို့မှာ အောက်တိုဘာလတွင် စတင်ပြေးဆွဲရန် အစီအစဉ်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲချင်နေတာ အများကြီးပါပဲ။ သူတို့တွေအားလုံး ခရီးစဉ် အသေးစိတ် အချက်အလက်တွေ ညှိနှိုင်း စောင့်ဆိုင်းနေကြပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ခြောက်လိုင်းတွင် All Nippon Airway နှင့် Qatar Airway တို့မှာ အောက်တိုဘာလတွင် ပျံသန်းခွင့်ရရန် ကြိုတင်စီစဉ်နေကြောင်း သိရပြီး အခြားသော လိုင်းများမှာလည်း အခြေအနေကို စောင့်ကြည့်၍ အဆို တင်သွင်းထားဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အနေအထားအရ အဆိုပါ လေကြောင်းလိုင်း အားလုံးမှာ ယခုနှစ်ကုန်မှ သာလျှင် စတင် ပျံသန်းပြေးဆွဲနိုင်ဖွယ် ရှိနေပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပျံသန်းနေသော လေကြောင်းလိုင်း ၁၃ လိုင်း ရှိနေသည်ဟုသိရကာ ထပ်မံလျှောက်ထားသော လိုင်းများမှာ Srilanka Airline၊ Bangladesh's Biman Airline၊ HongKong Express Airline၊ Pakistan International Airline၊ Japan All Nippon Airway နှင့် Qatar Airways တို့ဖြစ်ကြောင်း သိရသည်။
Unknown at 8:50 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.