Sunday, April 1, 2012

ယနေ့ နံနက်ပိုင်းမှစ၍ ရွေးကောက်ပွဲ Update သတင်း ဆက်သွယ်မေးမြန်းချက်များ စတင်ဖတ်ရှုနိုင်ပါပြီ..



 ယနေ့မနက် (၆)နာရီကတည်းက ပြည်သူတွေ ဇွဲကောင်းကောင်းနဲ့ မဲပေးနေတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲရုံ မြင်ကွင်း.. (AP)
စစ်ကိုင်းကန့်ဘလူနဲ့ ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်တွေမှာ ဆန္ဒမဲလက်မှတ်များ၌ ကော်မရှင် တံဆိပ်တုံးများ မပါတာကို သိရှိရတဲ့အတွက် ကိုယ်စားလှယ်များမှ ကန့်ကွက်တဲ့ အတွက်ကြောင့် မဲပေးမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်..။ မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြားရာမှ မြို့နယ်ကော်မရှင်မှ ဒီအတိုင်း ဆက်သွားပါ မဲလက်မှတ်များအား အတည်ပြုပေးပါမယ်လို့ ကတိပြုတဲ့အတွက် ဆက်လက် မဲပေးမှု ပြန်လည်စတင်နေကြောင်း ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဇီးကုန်းမြို့မှာ မနက်(၆)နာရီကတည်းက မဲပေးရန် ပြည်သူများ ရာနဲ့ချီစောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်..။ (ရန်ကုန် မနက် ၇နာရီသတင်း)Update သတင်းများ ဒီမိုဝေယံမှ အတတ်နိုင်ဆုံး ကြိုးစားဖော်ပြသွားပါမယ်..။


အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီး ဦးဥာဏ်ဝင်းနဲ့အဖွဲ့ မနက်(၆)နာရီ ကျော်ကတည်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးကို ရောက်ရှိနေပါပြီ..။ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား နှောင့်ယှက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ မနေ့ညကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိကြောင်း ပြောဆိုပါတယ်...။ သတင်းများထပ်မံ ဆက်သွယ် ဖော်ပြပေးပါမယ်..။

စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် ကလော မဲဆန္ဒနယ် ၂နေရာမှာ မဲရုံးမှူး လက်မှတ်ပါပြီး ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုထားသော တံဆိပ်တုံး လက်မှတ် မပါရှိသော မဲလက်မှတ် အတုဟု ယူဆရတဲ့ မဲလက်မှတ်များ ပါဝင်လာတဲ့အတွက် သက်ဆိုင်ရာနယ်မြေမှ ကော်မရှင်သို့ တိုင်တန်း အကြောင်းထားကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ယနေ့ရောက်ရှိလာတဲ့ သတင်းအား ပြောဆိုပါတယ်။ နိုင်ငံခြား သတင်းထောက် အချို့ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိနေပါပြီ။ (ရန်ကုန် မနက် ၆နာရီခွဲ)
Unknown at 9:16 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.