Sunday, April 1, 2012

ပခုက္ကူခရိုင်မှ ကြိုတင်မဲ မသမာမှုများ



မတ်လ ၃၁ ရက်နေ့ ၂၀၁၂
ပခုက္ကူမြို့၊  မြစ်ခြေတိုက်နယ်၊ ပေါက်တောအုပ်စု အိုင်ကြီးရွာ တွင် ယနေ့ညနေ ၅း၀၀နာရီ
ခန့်တွင် နာမကျန်း သက်ကြီးရွယ်အို ဖြစ်ကြသော ဦးသိန်းညွှန့် ၊ ဒေါ်လေးကြည် တို့ဧ။်
ကြိုတင်မဲများ ကို ကိုယ်တိုင် မခြစ်ရဘဲ ပြည်ခိုင်ဖြိုးပါတီမှ အောင်မျိုး ရယက စာရေး
ဝေမာလှိုင် တို့မှ ကြံခိုင်ရေးပါတီအားခြစ်သွားကြောင်း ဒေသခံကိုအောင်ကျော်ဇော မှ
ပြောပါတယ်။
အဆိုပါ ကိစ္စကို  အိုင်ကြီးကျေးရွာမှ
သက်သေ-
၁။ ကိုတင်လင်းနိုင်
၂။ မခင်ကြိုင်
တို့ ရှိပါတယ်။

ပခုက္ကူမြို့၊ အမှတ်၅ ရပ်ကွက်မှာလည်း ရပ်ကွက်တွင်နေထိုင်သော အမျိုးသမီး
 တစ်ဦးသည် မဲပေးခွင့် ရှိပါလျှက် မဲစာရင်းမပါသည်ကို ကော်မရှင်ရုံး
သွားရောက်ပြောကြားရာ ရပ်ကျေးကော်မရှင် ဥက္ကဌနှင့် ရယက စာရေး
ဒေါ်ချောစုအောင်တို့ကကောင်းမွန်စွာပြန်လည်ဖြေကြားခြင်းမရှိဘဲ အာဏာရှင်ဆန်ဆန်မခြေမငံပြောဆိုဆက်ဆံပါကြောင်း ကိုယ်တိုင်ကြုံတွေ့သူ
မဖြိုး  မှ ပြောကြားပါတယ်။

ပခုက္ကူမြို့၊ အရှေ့သီရိအုပ်စု၊ ဇီးကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်း မှလည်း
 ကြိုတင်မဲပေးခွင့်ရှိသူကျေးရွာတွင်းမှ လူမမာများ ကြိုတင်မဲပေးခြင်းကို
လက်မခံကြောင်းသိရပါ။
လူမမာများပေးလိုသော မဲများမှာ ဒေါ်အောင်ဆန်းစုကြည်ဧ။်   NLD ပါတီ ကိုသာ
 ပေးလိုခြင်း ဖြစ်သည်ကို သိရှိသောကြောင့် လက်မခံခြင်းဖြစ်သည်ဟုသိရှိရပါတယ်။

ပခုက္ကူမြို့နယ်၊ ရှထူးရွာအုပ်စု၊ ဆိုင်ဖြူရွာတွင်လည်း ကျေးရွာသူကျေးရွာသား ၂၀ခန့်သည် တောလုတ်ငန်းပြီးဆုံးပြီး နံနက်မဲပေးရန်အတွက် ညနေ ပြန်လာချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးက မဲပေးခွင့်ရှိသူ အဆိုပါ လူများ
မသိဘဲ ကြိုတင်မဲများ ပေးနှင့်ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ပခုက္ကူ NLD အောင်နိုင်ရေးအဖွဲ့ မှ သတင်းစုဆောင်းပေးပို့ ထားတာဖြစ်ပါတယ်။

Myanmar News Now
Unknown at 9:18 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.