Thursday, April 26, 2012

KIA မှ ထပ်မံအလင်းဝင်ရောက်



From : KDN

KIA တပ်ဖွဲ့အတွင်း ခေါင်းဆောင်တစ်ချို့ သဘောထားကွဲလွဲနေခြင်း၊ မတရားဖိနှိပ်ခြင်းများ၊ ပင်ပန်းဆင်း ရဲနေခြင်း၊ ကိုယ့်လူမျိုးအချင်းချင်းသတ်ဖြတ်နေခြင်းများကို မလုပ်ဆောင်လိုတော့တဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်လိုလိုအစိုးရတပ်စခန်းများမှာ အလင်းဝင်ရောက်လျက်ရှိပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာ တပ်ကြပ် ကျော်ဆန်း ခေါင်းဆောင်ပြီး ၄၂ ဦး အလင်းဝင်ရောက်ခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာလည်း KIA တပ်မဟာ ၅ မှ တပ်သား ၃ ဦး အစိုးရတပ်ထံမှာ ထပ်မံ အလင်းဝင်ရောက်သွားပါတယ်။ အလင်းဝင်သူ တစ်ဦးကတော့ အသက် ၃၀ အရွယ် တပ်သား ပေါင်းလွင် ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ တာလောကြီးရွာ ရပ်ကွက် ၁ တွင်နေထိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် တပ်မဟာ ၅ မှ ဗိုလ်ကြီးဒေါင်လွမ်းရဲ့ မတရားဖမ်းခေါ်ခြင်းကိုခံခဲ့ရပါတယ်။စတင်ဖမ်းအခံရချိန်မှာ စိတ်မပါပေမဲ့ အသတ်ခံရမည် ကို ကြောက်လန့်သည့်အတွက် KIA စစ်သင်တန်းတက်ရောက်ခဲ့ပြီး KIA အဖွဲ့တွင်း မတရားဖိနှိပ်သတ်ဖြတ် နေခြင်းများကြောင့် ပြန်လည်ထွက်ပြေးအလင်းဝင်ရောက်ရကြောင်း တပ်သားပေါင်းလွင် မှပြောပြပါတယ်။

နောက်ထပ် နှစ်ဦးကတော့ အသက် ၂၁ နှစ်အရွယ် တပ်သား မောင်အေးချမ်းနှင့် အသက် ၁၉ နှစ်အရွယ် မောင်ဝေဖြိုး တို့ဖြစ်ပါတယ်။ မိုးမောက်မြို့ မန်နောင်ရွာသားများဖြစ်ကြပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် တပ်ရင်း ၁၉ မှဗိုလ်ကြီး ဇော်မှိုင်းရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ KIA တပ်မဟာ ၅ မုန်ဆန်ယန် သင်တန်းကျောင်းမှ သင်တန်းဆင်းပြီးချိန်တွင် KIA တွင် အမှုမထမ်းလိုသည့်အတွက် ထွက်ပြေးကာ အလင်းဝင်ရောက်ခြင်းဖြစ်ပါတယ်။

KIA အဖွဲ့အတွင်းတွင် ခေါင်းဆောင်ပိုင်းများမှာလည်း သဘောထားကွဲလွဲမှုများရှိနေပြီး အောက်ခြေတပ်မဟာ တပ်ရင်းများမှာလည်း ပင်ပန်းဆင်းရဲမှုကို ရင်ဆိုင်နေရပါတယ်။ KIA မှ တပ်ရင်း အချို့သည် အလင်းဝင်ရောက် ရန် ရှိနေသေးကြောင်း အလင်းဝင်လာသူများထံမှ သိရပါတယ်။

KIA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ သုံးကြိမ်တိုင်ဆွေးနွေးပြီးသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှု များတွင် အဆင်မပြေသေးကြောင်းသိရပါတယ်။

Myanmar Express
Unknown at 9:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.