Thursday, April 26, 2012

နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ဂဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ဂဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

"သတ်မှတ်ဈေး အတိုင်း ရောင်းရမှာပေါ့၊ ဆက်သွယ်ရေး ပစ္စည်းကို ဈေးတင် ရောင်းလို့မရဘူး၊ ဥပဒေတွေ ရှိတယ်" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့် စာချုပ် ကျောဘက်တွင် ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ အသေးစိတ် မပြောကြား သေးပေ။ဖုန်းအရောင်းဆိုင် များတွင် ဈေးနှုန်းများ သတ်မှတ်ဈေးထက် ကျော်လွန်နေခြင်းမှာ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ပေးထားသည့် E-lite နှင့် ရတနာပုံ ကုမ္ဂဏီတို့က အရောင်းဆိုင်များနှင့် ပေါင်းကာ ဈေးကစားခြင်း၊ ဈေးတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

The Voice Weekly
Unknown at 9:05 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.