Sunday, April 1, 2012

မြစ်ဆုံစီမံကိန်း ဧရိယာ ၀န်းကျင်တွင် CPI နှင့် အေးရှားဝေါ ကုမ္ပဏီတို့၏ မတ်လအတွင်း လှုပ်ရှားမှု မြင်ကွင်းများ အပေါ် Comment ကောင်းလေးများစုစည်းတင်ပြခြင်း

1 

မှုရင်းလင့် က   ဒီမှာပါ


#59 ချယ်ရီမြေ 2012-04-01 10:50
EMG ရေ ဓာတ်ပုံတွေကတော့ အားလုံးကို အိပ်ပျော်နေရာကနေ လှုပ်နှိုးလိုက်သလိုပါပဲ။ လျှပ်စစ်ဝန်ကြီးဆိုသူတွေလဲ အခုလောက်ဆို နိုးလောက်ရောပေါ့။ တော်ကြာ.. သတင်းမှားတွေပါဆိုပြီး တရားစွဲနေပါအုံးမယ်နော.. ဟဲဟဲ..

စာကြွင်း။ ။ ဒီသတင်းအမှန်ပဲဆိုရင်တော့၊ ပြည်တွင်းထုတ် EMG ဂျာနယ်မှာလဲ ထည့်စေချင်တယ်ဗျာ။ ဒါမှ တတိုင်းပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် သိကြမှာ။
 
 
+3 #58 nyizaymin 2012-04-01 10:29
ပီးတော့ KIO ကရော။ ဒီကိစ္စကို ဘာလို့ ငြိမ်နေတာလဲ။ ဘာလဲ တရုပ်ဆီက လက်နက်မရတော့မှာစိုးလို့ ဒီကိစ္စကြတော့ လက်ရှောင်နေတာလား။ ကျုပ်တို့ကတော့ ရှင်းရှင်းလေးပဲ။ ဒီလောက်မှ ညံ့နေတဲ့နိုင်ငံဆိုရင် မနေတော့ဘူးဗျာ။
China sells arms both side to all ethnic rebels and SPDC insurgent.While we are very busy by killing each other Chinese take every things from our country.We are stupid or Chinese are stupid?
 
 
+15 #57 အောင်ဘု 2012-04-01 07:59
တိုင်းရင်းသားအမည်ခံထားတဲ့ အေးရှားဝေါကုမ္ပဏီဟာ ဘယ်သူတွေကျောထောက်နောက်ခံ ကိုင်တွယ်ထိန်းကျောင်းနေကြပါသလဲ ထွန်းမြင့်နိုင်(ခေါ်)စတီဗင်လော ဆိုတာ မြန်မာပြည်နယ်စပ်မှာ မူးယစ်ဆေးဝါးလုပ်ငန်းကို အကြီးအကျယ်လုပ်ခဲ့တဲ့ ဘိန်းဘုရင်လော်စစ်ဟန်ရဲ့သား တယုတ်လူမျိုးဖြစ်တယ် ဗိုလ်ခင်ညွန့်လက်ထက်မှာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုပြီး အပေးအယူတွေလုပ် ပြစ်မှု့တွေအားလုံးကွင်းလုံးကျွတ်လွတ် ဥပဒေပြင်ပကလူတွေ မြို့ပေါ်တက်လာပြီး လူကြီးလူကောင်းစလုပ်တော့တာပါပဲ ဘိန်းရောင်းလို့ရတဲ့ငွေမည်းတွေခဝါချ အာဏာပိုင်တွေချည်းကပ်ပေးကမ်းပြီး တိုင်းပြည်ထဲမှာ လုပ်ပိုင်ခွင့်တွေစယူပါတယ် အဝင်အထွက်တွေလွယ်အောင် လမ်းဖေါက်လုပ်ရေးလုပ်ငန်းတွေနဲ့ ရှမ်းပြည်ဖက်မှာစခဲ့တယ် အခုဆိုတိုင်းပြည်ရဲ့အဓိက ဝင်ပေါက်ထွက်ပေါက် ဆိပ်ကမ်း လေဆိပ်တွေအထိ ခရီးရောက်နေပါပြီ တလောက သူတို့ဆိပ်ကမ်းမှာ ဘာတွေဖမ်းဆီးမိပြီး ဘယ်လိုပြဿနာတွေဖြစ်ကြသလဲ နေပြည်တော်နဲ့လေဆိပ်တွေမှာ မရေရာတဲ့အကြောင်းပြချက်တွေနဲ့ တယုတ်စာဆိုင်းပုဒ်တွေလုပ်လာပါတယ် အောက်ခြေအသေးအဖွဲကစ သိမ်မွေ့စွာနဲ့လုပ်နေကြတယ် ရှိပါသေးတယ် အများကြီးထဲက အနည်းအကျဉ်းပါ အခုမြစ်ဆုံဆည်မှာလည်း ပါဝင်ပက်သက်နေပါပြီ နိုင်ငံနဲ့လူမျိုးအတွက် ရေရှည်မှာအင်မတန်နစ်နာမယ့် စီမံကိန်းပါ တိုင်းပြည်မှာ လက်ရှိပြောင်းလဲနေတဲ့အချိန် နိုင်ငံရေးဗန်းပြ ကိုယ်ကျိုးရှာမယ့်သူတွေ တာဝန်လုပ်ပိုင်ခွင့်ရှိသူတွေထံချည်းကပ်ပြီး အမြတ်ထုတ်မယ့်သူတွေ တဖက်ကစီးပွါးရေးလုပ်ငန်းပြပြီး ဘာသာယဉ်ကျေးမှု့နဲလူမျိုးကို လွှမ်းမိုးဖျက်ဆီးမယ့်သူတွေကို နေရာအသီးသီးမှာတွေ့မြင်နေရပါတယ်
ယနေ့ခေတ်ဟာ စစ်အင်အားတွေနဲ့ တိုက်ခိုက်သိမ်းပိုက်နယ်ချဲ့တဲ့ခေတ်အခြေအနေမဟုတ်တော့ပါဘူး
မရိုးသားမှု့တွေအားလုံးဟာ ဘယ်တော့မှတိုက်ရိုက်မလာပါဘူး သွယ်ဝှက်ချည်းကပ်ပြီး အချိန်ယူလုပ်ဆောင်ကြပါတယ်
ဒါတွေကိုမြန်မာတမျိုးသားလုံး အထူးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မျက်ခြေမပြတ် အထူးသတိပြု စောင့်ကြည့်လေ့လာနေဖို့လိုပါတယ် ကြိုတင်ကာကွယ်တားဆီးမှု့တွေ အချိန်မှီလုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်
မြန်မာပြည်တိုင်းတပါးသားတို့လက်အောက် ကျရောက်ခဲ့ရတဲ့ ပြဿနာရဲ့အစဟာ စီးပွါးရေးလုပ်ငန်းနဲ့အကြောင်းပြုခဲ့တယ်ဆိုတာ သတိပြုကြပါ
 
 
+13 #56 gwayPaw 2012-04-01 07:51
အစိုးရအဖွဲ့ထဲမှာ သမတကြီးရဲ့ စကားကို မနာခံတဲ့ သူတွေရှိနေတာတော့ သေချာနေပါပြီ။
၁။ မြစ်ဆုံကိစ္စ
၂။ ကချင်မှာအပစ်ရပ်ထားဖို့

တရားဝင်စာနဲ့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် စာလုံးတွေက စာရွက်ပေါ်မှာပဲ ဂိတ်ဆုံးနေတယ်။
 
 
+4 #55 ကျောင်းသားကြီး 2012-04-01 06:16
Quote:
ကျွန်တော်ကတော့ ကျွန်တော့နိုင်ငံ တိုးတက်ဖို့အတွက် မြစ်ဆုံရေအားလျပ်စစ် စီမံကိန်းကို ကြိုက်ပါတယ်။


မြစ်ဆုံကထွက်တဲ့ လျှပ်စစ်ဓါတ်၉၀% ကို တရုတ်ရမယ် ကျန်ဆယ်ရာခိုင်နှုန်းကို မြစ်ဆုံကရုံးများနဲ့ အဆောက်အဦးလည်ပတ်ရေးတွက်သုံးမယ်။ ပြီး အဲဒီရောင်းရလို့ ရတဲ့ ငွေကိုတရုတ်ကုမ္ပဏီက ရမယ် ကဲ ကျု့ပ်တို့ ဘာရာမှာလဲ လောလောဆယ်ရသွားတာကတော့ လယ်ဆည်ဝန်ကြီးနဲ့ ဦးသန်းရွှေမိသားစုပဲ အဲဒီစီမံကိန်းလက်မှတ်ထိုးပြီး အကောင်ထည်ဖေါ်လို့ 
 
 
+8 #54 minwai87 2012-04-01 01:20
Quoting realism:
မြစ်ဆုံမှာကွန်ပျူတာ..TVတွေမှာသုံးတဲံ့သတ္တုတမျိုးထွက်နေပါတယ်...တ၇ုတ်တွေကမြစ်ဆုံကထွက်တဲ့မြေကြီးမှန်သမျှအကုန်သယ်တာဒါ့ကြောင့်ပါ....သတ္တုနာမည်ကအင်္ဂလိပ်လိုRနဲ့စတဲ့နာမည်ပါ...မေ့နေလို့တိတိကျကျမပြောနိုင်ပေမယ့်..သေချာတဲ့သတင်းပါ...ဒီကိစ္စကိုပါသတင်းလိုက်ြ့ကပါ...နောက်တခုကသမ္မတကိုယ်တိုင်၇ပ်ပါမယ်ပြောထားတဲ့စီမံကိန်းကိုဆက်လုပ်နေတယ်ဆိုတော့...မြန်မာမှာဘယ်သူအကြိးဆုံးလဲ...ဒါမှမဟုတ်တ၇ုတ်လက်အောက်ခံကိုလိုနီလား......အ၇ှက်မ၇ှိကြတော့ဘူးလား.....ဒို့တာဝန်အေ၇းသု့းပါးမှာပါတဲ့..အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲေ၇းဆိုတာ..ဘာလဲ......ပတ်သတ်နေသူအားလုံးဥပဒေအ၇ေ၇းယူစေချင်ပါပြီ...သမ္မတကြိး၇ဲ့၇ှင်းလင်းချက်လဲကြားချင်ပါပြီ.....မဟုတ်၇င်တော့အကုန်လု့းနှုတ်ထွက်ကြပါတော့ဗျာ......

Rare Earth lol call par tal. Microchip tway htet po pe win sant naing mal, Nano chip a twet kone kyan par. Petrol tway Gas tway htet value po shi par tal.
 
 
+9 #53 myanmayatanar 2012-04-01 00:40
ဝိုင်းဝန်းကန့်ကွက်ကြပါစို့...
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတကြီး ဘာလုပ်နေလဲ သိချင်ပါတယ်....
 
 
+13 #52 victor aung 2012-04-01 00:12
အတော့်ကို ဆိုးရွားနေဆဲ အစိုးရပဲ။ အမြန်ဆုံးနုတ်ထွက်ဖို့ တိုက်တွန်းပါတယ်။ ခေတ်အဆက်ဆက် မကောင်းတာတွေလုပ်ခဲ့ပြီးပြီ။ တိုင်ပြည်မျက်နှာထောက်ပြီး နုတ်ထွက်ပေးပါတော့လို့ တောင်းဆိုပါတယ်။ ဥပဒေအထက် မှာဘယ်သူမှမရှိဟု အာပေါင်အာရင်းသန်သန်ပြောခဲ့သော သူများ လက်ရှိလည်း ဝန်ကြီးရာထူများယူထားကြသေးသည်။ (မတရားနည်းလမ်းပေါင်းဆုံဖြင့်)။ ပြည်ပလိုင်စင်ဖြင့် မြန်မာပြည်ထဲ ဘယ်ကားဝင်လို့ရလဲ။ ဘယ်ဥပဒေတွေအရလဲ။ အရူးတွေ ဘာတွေပြောပြီး ဘာမဟုတ်တာတွေဆက်လုပ်နေလဲ။
ကျွန်တော်လည်း ဗုဒ္ဓဘာသာ တစ်ယောက်ပါ အစိုးရအသစ်တက်ပြီး မြန်မာပြည်အတွက် အရေးကြီးကိစ္စများ အသည်းအသန်လုပ်နေရမယ့် အချိန်မှာ အစိုးရသစ်က စွယ်တော်ပင့်၊ နေပြည်တော်မှာ သံဝေဇနိယ လေးဌာနပုံတူတဲ့ (ငွေမြောက်အမြားသုံး၍) ပြည်သူကိုလှည့်စားတာပဲဖြစ်မယ်၊ စွယ်တော်ပင့်ပြီး နိုင်ငံခြားငွေ အမျိုးမျိုး မြောက်အမြားလှူပြလိုက်သည်။ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော၊ သဒ္ဓါတရားထက်သန်သော ပြည်သူများကို ခုတုန်းလုပ်၍ မြစ်ဆုံကိစ္စပြီးနောက် ဒုသမ္မတ တရုတ်သွားပြီးအပြန် စွယ်တော်ကြောင်းပြ၍ တရုတ်ကို လျော်ကြေးပေးတာဟု သုံးသပ်ရပါသည်။ ကျွန်တော့်အထင်ဖြစ်ပါသည်။ အမှန်တကယ် ထိုသို့ကြံစည်ခဲ့ပါက ဘာသာရေးရော၊ ပြည်သူပါခုတုန်းလုပ်သည့် အင်မတန်အောက်တန်းကျသည့် အစိုးရဖြစ်ပါသည်။ အတွင်းလူများကောင်းကောင်းသိနိုင်သည်။ ဖော်ထုတ်ကြပါစို့။ လက်ရှိအစိုးရကို ဖြုတ်ချကြပါစို့။
 
 
+12 #51 forourgeneration 2012-04-01 00:11
To R.law Call

ကိုယ့်လူကို သတိတစ်ခုပေးရအုံးမယ်
IQ 13 လောက်နဲ့ တော့ ကဖျက်ကယက် မလုပ်ချင်ပါနဲ့ လို့ ။
တောက် ဘယ်သူကများ ဒီလို ပုဇွန် ဦးနှောက်နဲ့  သူကို keyboard ရိုက်တတ်အောင် သင်ပေးလိုက်သလဲ မသိဘူး။ လေတယ် တကယ်ပဲ။ သာသာ ယာယာ ကို မရှိဘူး ခွေးပဲ လိုက်မောင်းနေရတယ်။
 
 
+12 #50 forourgeneration 2012-04-01 00:01
To R.law Call

နေစမ်းပါအုံး ကိုယ့်လူက တရုတ်ပြည်ကို ပြန်သွားတဲ့ ကားပုံ ဆိုပဲ။ သေချာလှချည်လား။ ဘယ်က လာပြီး ဘယ်ကို ပြန်သွားတာတုံး။ ကားပုံ ပါတဲ့ အမျိုးအစားက ၄ မျိုး နော်။ ကိုယ့်လူက အဲဒီလေးမျိုး စလုံးကို အဲဒီလောက် ဘာလို့ အတိအကျ အပ်ကျမတ်ကျကြီး ပြောနိုင်ရတာတုံး။ မြို့ ခံ လူဆိုရင်တောင် မှ ဒီ ၄မျိုးလုံးကြီးကို အားလုံး လိုက်မေးကြည့်ဖြစ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ ကိုယ့်လူ ဖြစ်နိုင်တာက ဒီwebsite စာမျက်နှာ ထက်မှာ ကဖျက်ကယက် လုပ်ရင် လုပ်၊ မဟုတ်ရင် ဒီစီမံကိန်း နဲ့ ပါတ်သတ်တဲ့ တစ်စုံတစ်ဦးက ခွေးတစ်ကောင်လို လာဟောင်ခိုင်းနေတာပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်လူက Eleven ကို ဂျာနယ်ရောင်းကောင်းအောင် လုပ်တာလို့  ပြောတယ် ။ ကိုယ့်လူဘက်က သေချာရင် အခုလို လာဟောင်မနေနဲ့  ဓါတ်ပုံနဲ့ တကွ တင်လိုက်လေ။ မှန်တယ်ဆိုရင် ကျွန်တော် ကိုယ်တိုင် Eleven ကို တရားအရင် စွဲပလိုက်မယ်။ နို့ မို့ ဆိုလို့ ကတော့ ခွေးရူးတစ်ကောင်လို့  လိုက်ပါတ်ကိုက်မနေနဲ့  ၀ါးစိမ်းတုတ်နဲ့  ရိုက်ထုတ်ပလိုက်မယ်။
 
 
+27 #49 greenday 2012-03-31 23:20
To
Kyawt Khaing 2102, R.law Call

ခင်ဗျားတို့လို အသားထဲကထွက်တဲ့  လောက်ကောင်တွေကလည်း တစ်မျိုးဗျာ။ အဲ့ဒီလောက် ကန့်သတ်ချက်တွေ များတဲ့ နယ်မြေမှာ ဒီလိုဓါတ်ပုံမျိုးရအောင် ဘယ်လောက် လုပ်ရမယ်ထင်သလဲ။ တောထဲတောင်ထဲ ဘာမဆို ဖြစ်သွားနိုင်တဲ့ နေရာမျိုးမှာ သတင်းထောက်တွေ သွားရတာ လွယ်မယ်ထင်လား။ ခင်ဗျားတို့ မယုံရင် ကိုယ်တိုင် သွားရိုက်ကြည့်ပါလား။ တစ်ကယ် စီမံကိန်း လုံးဝရပ်တယ်ဆိုရင် ဘာလို့ ညဖက်မီးထိန်ထိန်လင်းနေတာလဲ။ ဘာလို့ CPI နဲ့ Asia World က လူတွေ ရှိနေတာလဲ။ မြစ်ဆုံစီမံကိန်းဆိုတဲ့ အ၀င် မုခ်ဦးဆိုင်းဘုတ် ဘာလို့မဖြုတ်သေးတာလဲ။ အဲ့ဒီနေရာ အဲ့ဒီဒေသကို ဟိုအရင်ကလို လွတ်လွတ်လပ်လပ် ဘာလို့ သွားခွင့် မရတာလဲ။ သမ္မတကြီးက ရပ်မယ်ပြောတာ သူ့သက်တမ်း ၅ နှစ်နော်။ သတ္တိရှိရင် အဲ့ဒီစီမံကိန်း အလုံးစုံ ရပ်ထားတာမှန်ရင် သတင်းထောက်တွေကို ခေါ်ပြီး လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးပြီး ပြည်သူတွေအားလုံးသိအောင် တရားဝင်ရှင်းပါလား။ ဘာလို့ တန်ဖဲရွာကလူတွေကို အရေးတကြီးပြောင်းခိုင်းရတာလဲ။ စီမံကိန်းရပ်တာသေချာရင် အဲ့ဒီက အိမ်တွေ ကို ဘာလို့ ဖျက်နေသေးလဲ။ ဘာတဲ့ ဂျာနယ်ရောင်းကောင်းမယ် ဟုတ်လား။ ဒီပုံတွေတောင် ဂျာနယ်ထဲပါလာပါစေဦး။ ခင်ဗျားတို့ ကျွန်တော်တို့တောင် လာမကြည့်ဘဲ မနေနိုင်လို့ လာမကြည့်ရင် ဘာမှ မသိမှာမို့လို့ လာကြည့်နေရတဲ့ သတင်းဆိုက်မှာ သူတိုမှာ မခိုင်မာဘဲ တင်ပါ့မလား။ နောက်ဆက်တွဲတွေလည်း လာလိမ့်မယ်ထင်တယ်။ သာမန်ပြည်သူဆိုတဲ့ အသုံအနှုန်းကိုေ-ာက်ရှက်မရှိ သုံးထားသေးတယ်။ ပြည်သူအစစ်တွေရဲ့ ရင်ထဲမှာ ဘာတွေရှိနေလဲ သိရဲ့လား။ အဲ့ဒီဒေသက ဘ၀တွေနဲ့ ရင်းပြီး ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသကို မစွန့်ခွာချင်ဘဲ စွန့်ခွာပေးခဲ့ရတဲ့ သူတွေရဲ့ ရင်ထဲမှာ ဘာတွေ ဖြစ်နေမလဲ သိရဲ့လား။ လောက်ကောင် နှစ်ကောင်ရာ … ဦးနှောက်ရှိရင် စဉ်းစားပါ။ ခင်ဗျားတို့အစား ရှက်လိုက်တာ။ အရိုးကိုက်ပြီး လာအော်မနေနဲ့။
 
 
+21 #48 ချယ်ရီမြေ 2012-03-31 22:26
ကချင်ပြည်နယ်သူပြည်နယ်သားများ သို့မဟုတ် ကေအိုင်အိုမှသော်လည်းကောင်း မြစ်ဆုံစီမံကိန်း အမှန်တကယ် ဆက်လက်လုပ်ဆောင်နေကြောင်း အထောက်အထားများ သတင်း/သဘောထား ထုတ်ပြန်ချက်များဖြင့် မီဒီယာများမှတဆင့် တတိုင်းပြည်လုံးကို အသိပေးသင့်လှပါကြောင်း..
 
 
+2 #47 Kyawt Khaing 2102 2012-03-31 21:27
အေးဗျ၊ အခုမှ သေချာ ကြည့်မိ တယ်။ EMG သတင်းမှာ စီမံကိန်းလုပ်ငန်း ပြန်စတယ် ဆိုတဲ့ ဖော်ပြ ချက် တစ်ခုမှ မပါဘူး။
အနီးစပ်ဆုံး ဒါလေးပဲ ပါတယ်။
"စီမံကိန်း လုပ်ငန်းခွင်သို့ဝင်ရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များအား ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလကုန်က တွေ့ရစဉ် (Photo: Citizen Journalist)"
ဒါလဲ "Citizen Journalist" ဆိုတာကြီးနဲ့၊ ကျန်တာတွေက လှူပ်ရှားမှု လို့ပဲ ဖော်ပြထားတာ။

တို့တွေက မျက်စိလျှံ ပြီးတော့ "Resume the project" ဆိုတဲ့ statement အောက် မှာ comment လုပ်နေတာ။
Ko EMG ရေ၊ မှန်တယ်ဗျာ။ ကျွန်တော်တို့ လို သာမန်ပြည်သူတွေ ရှင်းရှင်းလေး သိရအောင် "လုပ်ငန်း ပြန်စနေတာလား၊ ဘာအတွက် လှူပ်ရှားနေတာလဲ" ဆိုတာ လိုက်ပေးပါဦးနော်။ အမြဲ လေးစားပြီး၊ အားပေးနေတယ်။ အမှားကင်းပြီး၊ (အမှား မရှိလဲ မရှိစေချင်ပါ) စံပြ ဖြစ်စေချင်တာ။
 
 
-46 #46 R.law Call 2012-03-31 20:38
Eleven Media Group ကြီးရေ ခင်ဗျားတို့ကလဲ ဂျာနယ်ရောင်းကောင်းအောင်ဆိုပြီး သတင်းတွေရော အတင်းတွေပါလုပ်ကုန်ပြီ သတင်းဆိုတာ မှန်မှ တင်လို့ကောင်းတယ်နော့ နို့မို့ဆို ခင်ဗျားတို့ဂျာနယ်ကိုကိုင်ပြီးတော့ တစ်နိုင်ငံလုံးက လူတွေတမျိုး ထင်ကုန် မယ် .... ခင်ဗျားတို့ ဂျာနယ် လစ်ရိုက်ထားတဲ့ ပုံတွေကိုလဲ သေချာ ပြန်ကြည့်ပါအုံး လုပ်ငန်းခွင်ပြန်စနေရအောင် အဲ့ဒီပုံတွေ တစ်ပုံမှ ကိုမတွေ့ရဘူး...တရုတ်ကို ပြန်သွားတဲ့ ကားပုံတွေဗျ...ခင်ဗျားတို့ အဲ့ပုံတွေကိုများ ရေးကြီးခွင်ကျယ်လုပ်ပြီးတင်ထားရတယ်လို့ အဲ့ပုံတွေကို ခင်ဗျားတို့မပြောနဲ့ မြစ်ကြီးနားက လူတွေတောင် လမ်းသွားရင်းလာရင်းနဲ့တောင်ရိုက်လို့ ရတယ်....ကိုယ်တိုင်လဲ သေသေချာချာ စုံစမ်းကြည့်ပြီးမှလဲ လုပ်အုံးဗျို....
 
 
-44 #45 R.law Call 2012-03-31 20:26
မစ်ဆုံမှာကွန်ပျူတာ..TVတွေမှာသုံးတဲံ့သတ္တုတမျိုးထွက်နေပါတယ်...တ၇ုတ်တွေကမြစ်ဆုံကထွက်တဲ့မြေကြီးမှန်သမျှအကုန်သယ်တာဒါ့ကြောင့်ပါ....သတ္တုနာမည်ကအင်္ဂလိပ်လိုRနဲ့စတဲ့နာမည်ပါ...မေ့နေလို့တိတိကျကျမပြောနိုင်ပေမယ့်..သေချာတဲ့သတင်းပါ...ဒီကိစ္စကိုပါသတင်းလိုက်ြ့ကပါ..( ဆိုတော့ကာ ခင်ဗျား တောင်မှ ယောင်ဝါးဝါး မေ့နေတယ်ဆိုတော့ ဘယ်လိုလုပ်ပြီး လိုက်မှာတုန်း ဗျ...နားနှစ်ဖက်က ကြားတာလေးလောက်နဲ့တောစကား ကိုလွယ်လွယ်မပြောချင်စမ်းပါနဲ့ သူများယောင်လို့ ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ...ရယ်ချင်လိုက်တာ ) ဗြဲ ဟဲ ဟဲ
 
 
+36 #44 Yangon City 2012-03-31 18:05
ဘကြီးစိန်က ညာတာလား????
ဘကြီးစိန်ကို ၀ိုင်းညာနေကြတာလား???

နိုင်ငံတော်ရဲ့ အာဏာအရှိဆုံးက ရပ်ပါတယ်လို့ ပြည်သူကို ကတိ ပေးပြီးယင် တည်ရတယ်၊ တည်အောင်ကြိုးစားရတယ်။ သူတို့ ငါမသိအောင်လုပ်နေတာ၊ ငါနဲ့မဆိုင်ဘူးလို့ လုပ်လို့မရပါ
 
 
+37 #43 realism 2012-03-31 17:35
မြစ်ဆုံမှာကွန်ပျူတာ..TVတွေမှာသုံးတဲံ့သတ္တုတမျိုးထွက်နေပါတယ်...တ၇ုတ်တွေကမြစ်ဆုံကထွက်တဲ့မြေကြီးမှန်သမျှအကုန်သယ်တာဒါ့ကြောင့်ပါ....သတ္တုနာမည်ကအင်္ဂလိပ်လိုRနဲ့စတဲ့နာမည်ပါ...မေ့နေလို့တိတိကျကျမပြောနိုင်ပေမယ့်..သေချာတဲ့သတင်းပါ...ဒီကိစ္စကိုပါသတင်းလိုက်ြ့ကပါ...နောက်တခုကသမ္မတကိုယ်တိုင်၇ပ်ပါမယ်ပြောထားတဲ့စီမံကိန်းကိုဆက်လုပ်နေတယ်ဆိုတော့...မြန်မာမှာဘယ်သူအကြိးဆုံးလဲ...ဒါမှမဟုတ်တ၇ုတ်လက်အောက်ခံကိုလိုနီလား......အ၇ှက်မ၇ှိကြတော့ဘူးလား.....ဒို့တာဝန်အေ၇းသု့းပါးမှာပါတဲ့..အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲေ၇းဆိုတာ..ဘာလဲ......ပတ်သတ်နေသူအားလုံးဥပဒေအ၇ေ၇းယူစေချင်ပါပြီ...သမ္မတကြိး၇ဲ့၇ှင်းလင်းချက်လဲကြားချင်ပါပြီ.....မဟုတ်၇င်တော့အကုန်လု့းနှုတ်ထွက်ကြပါတော့ဗျာ......
 
 
+36 #42 ngakhwe 2012-03-31 15:09
အားကိုးစရာအမေစုပဲရှိတော့တယ်အမေစုရေလွှတ်တော်ထဲရောက်ရင်ဒီကိစ္စကိုအရင်ဆုံးအလေးထားဆောင်ရွကပေးပါဗျာ
 
 
+63 #41 mrzawzaw 2012-03-31 15:06
လျှပ်စစ်ဇော်မင်းဟာ နိုင်ငံသစ္စာဖောက်။ ဒုသမ္မတ ၇ှစ်လုံးဟာ နိုင်ငံသစ္စာဖောက်။ တ၇ုတ်သြဇာခံသမ္မတ အလိုမ၇ှိ။ ပြည်ပအားကိုး ပုဆိန်၇ိုး သူခိုးအစိုး၇ အလိုမ၇ှိ။ ။
 
 
+74 #40 kyawswa1234 2012-03-31 14:22
နိုင်ငံတော်သမ္မတကြီးကမြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားရန် လူသိရှင်ကြားအမိန့်ထုတ်ပြန်ထားပါလျက်နှင့်လေးစား လိုက်နာခြင်းမရှိဘဲ၊ဆက်လက်လုပ်ဆောင်နေုခြင်းသည်
ကျွန်တော်တို့နိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
ကိုထိပါးရာရောက်သည်ဟုမြင်မိပါသည်။ :-|
 
 
+53 #39 thuwanather 2012-03-31 13:12
ပြောင်ကြီးလိမ်ထားတာ တစ်ရက်နဲ့တစ်ရက် ဘူးပေါ်သလိုပေါ်ပြီ
 
 
+43 #38 minminoo 2012-03-31 13:07
မြန်မာပြည်တိုးတက်ဖိုဆိုရင် ၀ရဇိန်လက်နက်ရအောင်ရှာမှ ရနိုင်တော့မယ်ဟေ့....
 
 
+2 #37 koshein 2012-03-31 12:02
Nothing haven't know public . Just like your do. U Thein Sein ,Shwe Man ,U Soe Thein are servant for China .
 
 
+63 #36 kaung123 2012-03-31 11:58
Quoting myo kyaw:
ဆိုလိုတာကတော့ သင်မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းကို မကြိုက်လျင် ဘယ်လိုနည်းနဲ့ လျပ်စစ်ထုပ်လုပ်တာကို ကြိုက်ပါသလဲ၊ သင့်အထင်အမြင်ကို ပြောပြပါ၊ ကျွန်တော်ကတော့ ကျွန်တော့နိုင်ငံ တိုးတက်ဖို့အတွက် မြစ်ဆုံရေအားလျပ်စစ် စီမံကိန်းကို ကြိုက်ပါတယ်။ မကြိုက်တာက ပြောင်းရွေ့ ရွာသားတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးပါ။ မြိုသစ်စီမံကိန်းတွေ လုပ်ပေးပါ၊ လယ်ယာ သစ်တွေ လုပ်ပေးပါ၊ ထွက်ရှိလာတဲ့ လျပ်စစ်အားကို မြန်မာနိုင်ငံအကြိုးအတွက် အဓိကထား သုံးပေးပါ၊
ကဲ့သင့်ကော…..?
သင် - ပေးလျင်ပေးပါ။ တစ်ခုခုတော့ ရေးခဲ့ပါဦး၊ ဘယ်နည်းကြိုက်လည်း၊ တစ်နည်းမှ မကြိုက်ဘူးလား၊ မြန်မာနိုင်ငံ တိုးတက်တာ မမြင်ခြင်ဘူး။ စသည်ဖြင့်ကောင်းကောင်း ဆိုးဆိုးပေါ့.....


၁။ထိခိုက်မှာက အဲဒီမြစ်ဆုံဝန်းကျင်ကလူတွေပဲလို့ ခင်ဗျားထင်နေတာလား..မြစ်ကြောင်းတလျှောက်မှာ ရှိနေတဲ့ပြည်သူပြည်သားတွေ၊ ဒီမြစ်ကိုမှီပြီး အသက်မွေးဝမ်းကျောင်းသူတွေကရော??? အားလုံးကိုလိုက်တွက်ပေးပြီးလျော်မှာမို့လား..နေရာသစ်ပေးနိုင်တယ်ထားဦး.လျော်ပေးနိုင်တယ်ထားဦး.ကျွန်တော်တို့ချစ်တဲ့ ဧရာဝတီမြစ်ကြီး က အစားပြန်ရမှာမို့လား..သဘာဝကပေးတဲ့ သဘာဝအလှတွေက ရော?ဧရာဝတီကပေးတဲ့ မျိုးချစ်စိတ်ကရော?
၂။ မြန်မာနိုင်ငံအတွက် လျပ်စစ်ပေးဖို့???ခင်ဗျားမို့ မှန်းရဲတယ်.အဲဒီ တယုတ်ကောင်တွေက လျှပ်စစ်မကဘူး ခင်ဗျားနှမတောင်ပြန်မသယ်သွားရင် ကံကောင်း..
၃၊မြန်မာပြည်က အဲဒီနေရာမှာလျှပ်စစ်ကို အဲဒီနည်းနဲ့ထုတ်မှပဲရမှာမို့လို့လား..တခြားနည်းမရှိတော့ဘူးတဲ့လား..(တွေ့ထားတဲ့ ရေနံသိုက်တို့ သဘာဝဓါတ်ငွေ့သိုက်တို့က ဘာလုပ်ဖို့လဲ)
၎။ "သူတည်းတရောက်ကောင်းဖို့ရောက်မူ အများသူ စတေးရသည် ဓမ္မာတည်း"..ဆိုသလို ခင်ဗျားအိမ် မီးလာစေချင်တာနဲ့ အားလုံးကို ဒီနည်းနဲ့စတေးခိုင်းမလို့လားဗျာ..
 
 
+75 #35 minminoo 2012-03-31 11:25
ကျနော်စောကြီးကတည်းက ပြောခဲ့ဖူးပါတယ် ..ဒီအစိုးရကို မယုံကြပါနဲ့ လို့  အဲဒီတုန်းကတော့ ပေးလိုက်ကြတဲ့ အနူတ်တွေ...အခုမှ ဖာတန်းမီးလောင်သလိုဖြစ်နေကြပီပေါ့..မှတ်ထားလိုက်အုံး ဒီအစိုးရရှိနေသမျှကာလပတ်လုံး မြန်မာပြည်ဘယ်တော့မှ မတိုးတက်စေရဘူး...ယုံကြအုံးလေ ..ယုံကြပေါ့...
 
 ဘကြီးသက်..
Unknown at 11:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.