Friday, April 6, 2012

သောင်တင်နေသော ဝေလငါးကြီးဘ၀ကူးသွားရှာပြီ


သေဆုံးသွားသော ဝေလငါးကြီးကို ရေလုပ်သားများနှင်းကျေးရွာ နေပြည်သူများ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြစဉ်။
သုံးခွမြို့နယ် မင်းရွာအသင်းကျေးရွာအုပ်စု၊ ပိုက်စီးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့က သောင်ပေါ်တင်နေသော ဝေလငါးကြီးမှာ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးသည် ပိုက်စီးကျေးရွာ၏ အရှေ့ဘက် (၆)မိုင်ခန့်အကွာ မုတ္တမပင်လယ်ကမ်းစပ်နေရာတွင် သောင်တင်နေလျက်ရှိပြီး ရေလုပ်သားများက ဧပြီ လ ၂ ရက်နေ့ မွန်းတည့်၁၂ နာရီ အချိန်တွင် စတင်တွေ့ရှိခဲ့ပြီး ဝေလငါးကြီးအား ရေထဲသို့ရောက်အောင် ငါးလုပ်ငန်းဦးစီးဌာနမှတာ ၀န်ရှိသူများနှင့်ကျေးရွာရှိရေလုပ် သားများစုပေါင်း၍ ကြိုးစားခဲ့သော်လည်း ရေတက်ချိန်ကြုံပြီး လိုင်းပုတ်သောကြောင့် ကမ်းစပ်သို့  ပြန်လည်တင်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဝေလငါးကြီးမှာ ဧပြီလ ၄ ရက်နေ့ နံနက်အစောပိုင်း ဒီရေဖြင့် ပိုက်စီးကျေးရွာ၏ အနောက်တောင်ဘက်သို့ (၃) မိုင်ခန့် ရွေ့လျားပြီး မင်းရွာအသင်းကျေးရွာအုပ်စု၊ နှစ်ခွကျေးရွာနှင့်(၁)မိုင်ခန့်အကွာ သောင်ပြင်ပေါ်သို့ ရောက်ရှိသွားကာ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

'' အဲဒီဝေလငါးကြီးက ဧပြီလ ၄ ရက် ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်။ သေဆုံးကြောင်းကို ကျေးရွာအုပ်ရေးမှုးက မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကို အကြောင်းကြားတယ်။ ဧပြီလ ၅ရက်နေ့ ညနေပိုင်းမှာတော့ အဲဒီဝေလငါးကြီးကို ငါးဖမ်းစက် လှေလေးစီးနဲ့ ဆွဲတယ်။ ပြီးတော့ ရွှေသင်ချောင်း မြောက်ဘက်ရိုးရိုး လက်တက်ထဲသို့ ရေလုပ်သားတွေနဲ့ ကျေးရွာက လူ ၈၀ လောက် ရေတက်နေတဲ့အချိန် ဆွဲထည့်လိုက်တယ်။ ပြီးတော့ရေကျတဲ့ အချိန်မှာ ရိုးကို ပိတ်လိုက်ပြီးတော့ တုတ်ရိုက်လိုက်တယ်။ ဧပြီလ ၈ ရက်မှာတော့ မြေမြုပ်၊ အမှတ်အသားပြုလုပ်ပြီး ခြံစည်းရိုးခတ်မယ်။ တစ်နှစ်ခွဲ နှစ်နှစ်အချိန်လောက်ကျမှ ပြန်ဖော်မယ်။ ဦးတို့အနေနဲ့ကတော့ အရိုးစု ရရှိရေး၊ မပျက်စီးရေး အတွက်ကိုဘဲ လုပ်ဆောင်သွားမှာပါ '' မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ သေဆုံးသွားသော ဝေလငါးကြီးမှာ Fim Whale ခေါ် ဝေလငါးအမျိုးအစားဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
Unknown at 1:13 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.