ဗြိတိန် ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည့် စာရင်းအရ ယမန်နှစ်က ဗြိတိန် နိုင်ငံတွင် ကလေး သူငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် ကိစ္စများမှာ
မိနစ် ၂၀ တိုင်းလျင် တစ်ကြိမ်စီ ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ယင်းမှာ တစ်ပတ်လျင် ၄၄၄ ကြိမ် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။ စုစုပေါင်း ၂၃၀၀၀ သော ကလေးငယ်များမှာ အင်္ဂလန်နှင့် ဝေလနယ်များတွင် ၂၀၁၀ မှ ၂၀၁၁ ခုနှစ်ကြား ကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ယင်းအထဲမှ ၁၀ ရာနှုန်းသော အမှုများသာ ပြစ်ဒဏ်ပေးသည့် အဆင့်သို့ ရောက်ခဲ့ကြောင်း ဗြိတိန် မီဒီယာ သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ စာရင်းအရ ယင်းသို့ ဓါးစာခံ ဖြစ်ခဲ့ရသူ ကလေးငယ်ပေါင်း ၄၉၇၃ တွင် ၁၄၇၂ ယောက်မှာ အသက် ၇ နှစ်အောက် ကလေးငယ်များ ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို စာရင်း ဇယားများကို သတင်း အချက်အလက်များ လွတ်လပ်စွာ တောင်းဆိုခွင့် အရ ရယူထားခြင်း ဖြစ်ကာ ယင်းအထဲတွင် မုဒိမ်းမှု ၊ သွေးရင်း စပ်ယှက်မှု နှင့် ကလေးသူ ငယ် ပြည်တန်ဆာမှုတို့ ပါဝင်ကြောင်း သိရသည်။
ယခုလို ဖြစ်ရပ်များ အတွက် လူမှု အဖွဲ့အစည်းမှ ကလေးငယ်များကို ကာကွယ်ရန် အတွက် ကြိုးပမ်းရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်ဟု ပြောခဲ့သည်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများထဲတွင် သုံးပုံတစ်ပုံကျော်မှာ ကလေးသူငယ်များ အပေါ် ပြုလုပ်ခြင်း ဖြစ်ကာ နေ့စဉ် အဆိုပါ ဖြစ်ရပ်အတွက် သတင်းပေး တိုင်ကြားမှုပေါင်း ၆၀ ကျော် ရှိနေပြီ ဖြစ်သည်ဟု ယင်းသတင်း အချက်အလက်များ အရ သိရသည်။ ထို့အပြင် ယမန်နှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သည့် စာရင်းတွင် စုစုပေါင်း ၅၄၉၈၂ ရှိရာ ၂၃၀၉၇ မှာ ကလေး သူငယ်များ အပေါ် ကျူးလွန်ခြင်း ဖြစ်သည်။




0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge