အလှည့်ကျ မီးပေးစနစ်မှ ၂၄ နာရီ မီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည်
ရန်ကုန်မြို့တော်ကို အလှည့်ကျ မီးပေးစနစ်မှ ၂၄ နာရီ မီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ယနေ့ မတ်လ (၆) ရက်နေ့ မှာ KNU နဲ့ ရန်ကုန်မြို့ မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ပြောကြားလိုက်ကြောင်း ဆွေးနွေးပွဲ မှာ တက်ရောက်သတင်းယူနေတဲ့ သတင်းထောက်တဦး က Myanmar News Now ကိုပြောပြပါတယ်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့က ရန်ကုန်တစ်မြို့လုံးအတွက် ယနေ့ည တွင် စမ်းသပ်၍ ၂၄နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းထောက်တွေကိုပြောပါတယ်။
ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် အဖွဲ့ဝင် ၂၁ ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Myanmar News Now
 |
ဓါတ်ပုံ(ဒီဗွီဘီ) |
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge