Friday, April 13, 2012

ဦးခင်ညွှန့်ကို လုပ်စားတဲ့ အစိုးရမကောင်းမြင် ဝါဒီတွေ ဖတ်ဖို့

အစိုးရ မကောင်းကြောင်းဆိုလျှင် ပွလျှင်ပြီးရော ဖွမည်ဆိုသော မလိုတမာ သား တို့၏ ဖွချက်များတွင်
ဦးခင်ညွှန့် တစ်ယောက် သားကောင်ဖြစ်သွားပါလေသည် ။
ဒေါ်စုအား ဒီပဲယင်းသားတို့ ရိုက်မှူတွင် ဦးခင်ညွှန့်နှင့် သူ့လူများမှ ဝင်ရောက်ကယ်တင်သည်ဟု သတင်း
များကို သတင်းထောက်တစ်ဦးမှ ပြောကြားဟူ၍ ဖွကြပါတော့သည် ။

ဤသို့ဖြင့် ဒီပဲယင်းတွင် ဒေါ်စုကိုဝိုင်းရိုက်ခဲ့သည်မှာ ယခင် ဗိုလ်ချုပ်ဟောင်းများ စီမံမှူဟုသော အဆိုကို
ပိုမို ခိုင်မာစေရန် ကြံခိုင်ရေး အသင်း၏ လူများ ပါဝင်သည် ဟူသော အပြောမှာ ပိုမိုခိုင်မာလာမည် ဖြစ်သော
ကြောင့် နောင်နိုင်ငံရေး အခင်းအကျင်းတွင် ဒေါ်စုနှင့် NLD မှ ကစားကွက် တကွက်သာနေစေရန် အမေတု
ထဘီ ခေါင်းပတ်၍ ဒေါ်စု အတွင်းခံ ရူနေသူများမှ လုပ်ချလိုက်ပါတော့သည် ။

ယခု အခါ  ရဲသတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဗိုလ်မှူးဟောင်းဝင်းမောင်မောင်တို့ က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုလိုက်ကြသည်ဟု & Days News Journals ၏ Facebook
စာမျက်နှာတွင် အတိအလင်း ကြေငြာထားသည်ကို တွေ့ရပါသည်။

သို့ပါသော်လည်း ထိုသို့ လူသိရှင်ကြား မီဒီယာ မှတဆင့် မဟုတ်ကြောင်း ငြင်းဆိုလိုက်သော်လည်း ဦးခင်ညွှန့်
ဘုန်းကြီး ဝတ်နေခြင်းမှာ မိမိ အပြစ်ကြောင့် ဖမ်းမှာကို ကြောက်၍ ဟု မဆီမဆိုင် မယောင်ရာ ဆီလူးသော
မနေ့တနေ့ကမှ ဒေါင်းနဖူးစည်း စည်းပြီး မီဒီယာ လောကသို့ ဝင်လာသော နို့နံမစင်သည့် သူငယ်လေးများက
ပြောကြပြန်လေသည် ။ သနားစရာကောင်းလေတော့သည် ။ 

ယခင်အချိန်ကသာ ဦးခင်ညွှန့် ထိုသို့ပြုလုပ်ခဲ့ရိုးမှန်ပါလျှင် အဘယ့်ကြောင့် သူ့အား ယခုလို လွှတ်ပေးမည်နည်း။ ယခုမှ ဘာကြောင့် ပြန်ဖမ်းမည်နည်း ။ အသင်ငတုံးလေးများအား မေးလိုပါသည် ။

ယခင်က စစ်အုပ်ချုပ်ရေးကြောင့် ဆိုထားအုံး .။
ယခု မြင်သာသော ဖွကောင်းသော အော်ကောင်းသော ခေတ်ဝယ် အဘယ့်ကြောင့် မယ်မယ်ဘုရားတစ်
ယောက် ဒီပဲယင်း သို့ ခြေဦး ယောင်လို့ပင် မလှည့်သနည်း ။ သေနတ်ပြီးသော မယ်မယ် ဘုရား ဝါးရင်းတုတ်
နှင့် လေးခွတော့ မပြီးဟု ထင်နိုင်ကောင်း၏ ။

ဤသတင်းသည် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို ထိခိုက်စေလိုသော ဦးခင်ညွှန့် ဖန်တီးမှူ သတင်းဟု စွပ်စွဲလျှင် ယခင် ဦးခင်ညွှန့် သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနိုင်းရာတွင် ဒေါ်စု
ထက် အဆပေါင်းများစွာ တော်သော ထက်သော လူတစ်ဦးဖြစ်ကြောင်း မျက်မြင်ပင်ဖြစ်သည် ။တိုင်းရင်းသား
လက်နက်ကိုင်များနှင့် ဦးခင်ညွှန့်၏ စေ့စပ်မှူအောင်မြင်ခြင်းများ ကို အားလုံး အသိပင်ဖြစ်သည် ။ ယခု အစိုးရမှလည်း ထိုအဖွဲ့များနှင့် အစွမ်းကုန် စေ့စပ်ညှိနိုင်းနေသည်မှာလည်း ယခု အချိန် ဦးအောင်မင်းတို့
လှူပ်ရှားမှူများ အောင်မြင်မှူများက သက်သေထူနေပါပြီ .။ မယ်မယ် ဘုရားမှသာ ဦးအောင်မင်းတော်ကီ
ဖြင့် ရရှိသော ငြိမ်းချမ်းရေးအဖွဲ့များကို သာ ၄င်း၏ အိမ်သို့ ခေါ်တွေ့ပြီး နှမ်းဖြူးခြင်းသာ ဖြစ်နေသည်မှာလည်း
အားလုံး အသိ ကမ္ဘာအသိ ဖြစ်ပါသည် ။ 
ဦးအောင်မင်းက ဆွေးနွေး

မယ်မယ် က အခန့်သား နှမ်းဖြူးပနာယူ

                                                    ဆန်ရှာသူက အစိုးရ
                                                    ကောက်ညှင်းပေါင်းတာက ဦးအောင်မင်း
                                                    နှမ်းဖြူးပြီး မျက်နှာလုပ်တာက ဒေါ်စု 

ဦးခင်ညွှန့်လို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဂုရုတစ်ယောက် နှင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ဆောင်နေသော အစိုးရကြားမှာ တိုင်းရင်းသားချင်း သွေးခွဲံစရာမရှိနိုင် သည်မှာ အထင်အရှားပင်ဖြစ်သည် ။

ဥိးခင်ညွှန့် ပါးစပ်ကပြောခဲ့ပါသည် ဟု ပြောကြားသော သတင်းထောက်ကိုယ်တိုင်လည်း ရှင်းလင်းပွဲပြန်မလုပ် ။ ဓါတ်ပုံတွဲရိုက်ခဲ့သည်ဟု အကြောင်းပြချက်ကတော့ ကလေးဆန်လွန်းသည် ။
အမှန်ဆိုလျှင် ဤမျှ အရေးကြီးသော သတင်းတပုဒ်ကို ဖြစ်သလို ယူခဲ့သော သတင်းထောက်မှာကား
မည်သို့သော သတင်းထောက်ပါနည်း ။ မနေ့တနေ့ကမှ သတင်းထောက်စလုပ်သော မအူမလည် သတင်း
ထောက်များပင် recoder ဆောင်ရမှန်း သိသည် ။

ထို့ကြောင့် အစိုးရမကောင်းကြောင်း ဖြစ်ရင်ပြီးရော ဖွကောင်းရင်ပြီးရော အော်နေသူများ၏ ရေးသားချက်များ ဖန်တီးမှူများကို မယုံကြည့်သင့်ပေ ။
နိုင်ငံတစ်ခုကို အုပ်ချုပ်နေသူများ စီမံနေသူများ အနေဖြင့် ယခုလို အရူးချီးပန်း အော်နေသူတို့၏ စကားတိုင်း
ကိုသာ လိုက်လံ ဖြေရှင်းနေမည် ဆိုလျှင် ထမင်းပင်စားရမည် မဟုတ်ပေ ။ စာဖတ်သူ ပရိသတ်များ ကိုယ်တိုင် နှိုင်းချင့် စဉ်းစားပါခင်ဗျား ။  
ရေးသားသူအဖွဲ့  ; မောင်ကျောက်ခဲ
Unknown at 8:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.