Friday, April 13, 2012

ဗုဒ္ဓဂယာခရီးစဉ်ကို ကုန်းလမ်းဖြင့် သွားနိုင်တော့မည်




မကြာမီအချိန်တွင် ဗုဒ္ဓဂယာခရီးစဉ်အား ကုန်းလမ်းခရီးဖြင့် ပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း မင်္ဂလာရှုခင်းခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင်ရွှေကပြောသည်။ ထိုသို့ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာခရီးစဉ်သို့ ကုန်လမ်းခရီးဖြင့် သွားရောက်နိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဗုဒ္ဓဂယာကို ကုန်းလမ်းက သွားနိုင်မယ့် ခရီးစဉ်ကို လုပ်နေပါတယ်။ ကုန်းလမ်းက သွားတဲ့ အတွက် ဒေါ်လာ၁၄၀ ၊ ၁၅၀ လောက်သက်သာသွားမယ်။ နောက် လမ်းမှာလဲ ဒေသန္တရဗဟုသုတတွေရနိုင်ပါတယ်။ ဒီလိုသွားနိုင်ဖို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု မင်္ဂလာရှုခင်းခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင်ရွှေက ပြောသည်။ ယခုချိန်တွင် ဗုဒ္ဓဂယာခရီးစဉ် အားလေကြောင်းခရီးစဉ်ဖြင့် သွားမည်ဆိုပါက ခုနစ်ညအိပ်ရှစ်ရက်ခရီး၊ ကိုး ညအိပ် ၁၀ ရက်ခရီး များကို ပုံမှန်အားဖြင့် မြန်မာကျပ်ငွေ ခုနစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။ “ကုန်းလမ်းကနေ သွားလို့ ရတော့မယ်လို့တော့ ကြားနေပါတယ်။ နည်းနည်းခက်မယ်ထင်တယ်။ ဗုဒ္ဓဂယာက အိန္ဒိယနိုင်ငံမြို့လယ်မှာမဟုတ်ဘူး။ သွားရတာ လမ်းကလဲကြမ်းတယ်။ သွားမယ့်သူတွေအနေနဲ့ ခရီးကြမ်းတော့ပင်ပန်းတာပေါ့။ လေယာဉ်နဲ့ဆိုနှစ်နာရီပဲကြာတော့ လူသက်သာတာပေါ့”ဟု အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ဗုဒ္ဓဂယာခရီးကို ကုန်းလမ်းက သွားရတာတော့ကောင်းပါတယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ၊ လေယာဉ်ထက် သက်သာစေချင်တယ်။ နောက်ခရီးလမ်းရော အသက်အန္တရာယ်အတွက် ဘယ်လောက်လုံခြုံမှုရှိမလဲ ဒါတွေကလဲ ရှိပါသေးတယ်။ လူငယ်တွေအတွက်တော့ကောင်းပါတယ်” ဟု ခရီးသွားလာခြင်းကို ဝါသနာပါသူ ကိုခိုင်လွင်က ပြောသည်။ ယခုအခါ သင်္ကြန်အတွက် ဗုဒ္ဓဂါယာခရီးစဉ်များကို အထူးပြေးဆွဲခြင်းများအဖြစ် ခုနစ်ညအိပ် ရှစ်ရက်ခရီးနှင့် ကိုးညအိပ် ၁၀ ရက် ခရီးတို့အတွက် မြန်မာကျပ်ငွေ ရှစ်သိန်းခွဲခန့်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း  သိရှိရသည်။


 Myanmar Express
Unknown at 8:40 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.