Thursday, March 15, 2012

Yahoo မှ Facebook ကို တရားစွဲ

အမေရိကန် ပြည်ထောင်စုမှ အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့် Yahoo ကုမ္ပဏီမှာ ကမ္ဘာ့ အကြီးဆုံး လူမှုရေး ကွန်ရက် ဝက်ဆိုက်ဖြစ်သော Facebook ကို တရားစွဲဆိုလိုက်ပြီ ဖြစ်ကာ Facebook တို့အနေဖြင့် Yahoo တို့၏ မူပိုင်ခွင့် ၁၀ ခုကို ဖောက်ဖျက်ထားကြောင်း ပြောကြားလိုက်ပြီ ဖြစ်သည်။ ယခုလို ဖောက်ဖျက်သည့် အချက်များထဲတွင် ကြော်ငြာများ ၊ ပုဂ္ဂလိက လွတ်လပ်မှုနှင့် ဆိုင်သည့် အချက်များ ၊ စာတိုပို့ စနစ်များ နှင့် ကိုယ်တိုင် ပြုပြင်နိုင်သည့် အချက်များလည်း ပါဝင်ကြောင်း သိရသည်။

Yahoo တို့ အနေဖြင့် Zukerberg တည်ထောင်ခဲ့သည့် Facebook တို့ မှ ချိုးဖာက်ခဲ့သမျှ အတွက် လျော်ကြေး ပေးစေလိုကြောင်း သိရသည်။ ယခုလို စွပ်စွဲချက်များနှင့် ပတ်သက်ပြီး Facebook တို့ဖက်မှလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ Facebook ကုမ္ပဏီမှာ လွန်ခဲ့သည့် လက ကုမ္ပဏီ ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာ ၅ ဘီလီယံတန် ရှယ်ယာများကို ပြုလုပ်ပြီး ရောင်းချခဲ့ကြောင်းလည်း သိရသည်။

source : CNN
Unknown at 8:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.