Thursday, March 15, 2012

ယာဉ်လုပ်သားများအား ပြင်းထန်စွာအရေးယူခြင်း ပြုပြင်ပြောင်းလဲရန်လို


ယာဉ်/လမ်းစည်းကမ်း ဥပဒေအရ ယာဉ်လုပ်သားများအပေါ် ပြင်းထန်စွာအရေးယူခြင်းကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါပုဂ္ဂိုလ်က ”ကျွန်တော့် အနေနဲ့ ပြောရရင် ယာဉ်လုပ်သား တွေအတွက် ဥပဒေထုတ်ပြန်တာ။ လုပ်ဆောင်ချက်တွေဟာ သူတို့ကို ရိုင်းသထက်ရိုင်းအောင် ပြုလုပ်နေ တာနဲ့ တူပါတယ်။ ခေတ်စနစ်အရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြတဲ့ အခါ ပို့ဆောင်ရေးကဏ္ဍပြုပြင် ပြောင်းလဲဖို့အတွက်ဆို နည်းစနစ်မှန် ကန်ဖို့လိုအပ်ပါတယ်။ ပြင်းထန်တဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်” ဟု မတ် ၁၂ ရက်တွင် ပြောသည်။ ယာဉ်လုပ်သား များ၏ အလုပ် ချိန်သည် ၁၆ နာရီမှ ၁၇ နာရီအထိ ရှိပြီး ၄င်းတို့ရရှိသော ဝင်ငွေနှင့် မျှ တမှုရှိအောင် ပံ့ပိုးပေးခြင်းနှင့်ပြုပြင် ခြင်းများကိုဆောင်ရွက် သင့်ကြောင်း၊ မထသ (ရန်ကုန်တိုင်းဒေသကြီး) မှ သိရသည်။ ”ယာဉ်မောင်း/နောက်လိုက် တွေဟာလုပ်ငန်းခွင်ကိုပစ်ပြီးမထသ (ဗဟို)မှာ သင်တန်းသွားတက်ရ တဲ့အတွက် သူတို့ရဲ့မိသားစု စား ဝတ်နေရေး အခက်အခဲဖြစ်လာ တယ်လို့ မထသကော်မတီယာဉ် လုပ်သား ကိုယ်စားလှယ်များက တင်ပြခဲ့ပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သို့ဖြစ်၍ ယာဉ်လုပ်သားများ၏ မိသားစု စားဝတ်နေရေး ပြေလည် စေရန်အတွက်လည်းကောင်း၊ ယာဉ်လုပ်သားများ၏ အမူအကျင့် စရိုက်များ တစ်စိတ်တစ်ဒေသပြု ပြင်ပြောင်းလဲ လာရန် ရည်ရွယ်၍ ၄င်းသင်တန်းတက်ရောက်သော ယာဉ်လုပ်သားတစ်ဦးလျှင် ထောက် ပံ့ငွေ ကျပ် ၄ဝဝဝ ပံ့ပိုးပေးရခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။ မထသ ၆၂ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုဇော်ဖြိုးက ”ကျွန်တော်တို့ အရင်က သင်တန်း သွားတက်ခိုင်းရင် မတက်ချင်ပါဘူး။ အလုပ်ကိုပစ်ပြီး သွားရတဲ့အတွက် ဝင်ငွေမရှိလို့ သင်တန်းပေးရင်တောင် စိတ်ပါဝင်စားမှုမရှိပါဘူး။ အခုလို မျိုးကျွန်တော်တို့ကို သင်တန်းပေး တဲ့အပြင် တစ်နေ့ကို ငွေ ၄ဝဝဝ ပေးတဲ့အတွက် သင်တန်းတက်ရ တာ စိတ်ဝင်စားမှုရှိလာပါတယ်”ဟု ပြောသည်။ မထသ(ဗဟို)မှ ယာဉ်လိုင်း အဖွဲ့အစည်းအသီးသီး၏ လက်ရှိ ယာဉ်လိုင်းများ၌ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ စတင်တာ ဝန်ထမ်းဆောင်ခဲ့သည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အသစ်များအား တနင်္ဂနွေ အခြေခံသင်တန်းနှင့် ယာဉ်လိုင်းတွင် နှစ်နှစ်တာဝန်ထမ်း ဆောင်ခဲ့ပြီး ယာဉ်လုပ်သား များအား တနင်္ဂနွေ မွမ်းမံသင်တန်းကို ဖွင့် လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် မတ် ၁၁ ရက်နေ့မှ စ၍ မထသ(ရန်ကုန်တိုင်းဒေသကြီး) စီမံမှုအောက်ရှိ သင်တန်းတက် ရောက်ခဲ့သော ယာဉ်လုပ်သား ၂၂ ဦးကို ထောက်ပံ့ငွေများပေးအပ်ခဲ့ ကြောင်း၊ယင်းထောက်ပံ့ငွေများ သည် ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် မထသကော်မတီအား တရားဝင် ပေးအပ်ထားသော တစ်ရာခိုင်နှုန်း ကောက်ခံခြင်းမှ ရရှိသော ဝင်ငွေ ဖြစ်ကြောင်း သိရသည်။
ထက်ထက်မိုးမြင့်
Unknown at 8:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.