Thursday, March 8, 2012

တစ်ခါသုံး Prepaid ကတ်များအား စမ်းသပ်ငွေဖြည့်သွင်းခြင်းများ မပြုလုပ်သင့်


ပြန်လည်အသုံးပြုခွင့်ပေးခဲ့သော တစ်ခါသုံးကတ်များဖြစ်သည့် Prepaid ကတ်များအတွင်းသို့ ငွေစမ်းသပ်ဖြည့်သွင်းခြင်းများ မပြုလုပ်သင့်ကြောင်း သိရသည်။ အဆိုပါဖုန်းများအတွင်းသို့ ကျပ်ငါးသိန်းဖုန်းများတွင် အသုံးပြုလျက်ရှိသော ငွေဖြည့်ကတ် Top Up ကတ်များဖြင့် စမ်းသပ်ငွေဖြည့်သွင်းခြင်းများ ပြုလုပ်လျက်ရှိပြီး ငွေကြေးဆုံးရှုံးခြင်းများရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အသုံးပြုသူနှစ်ဦးမှ ပြောပြရာတွင် “တစ်ခါသုံးကတ်တွေထဲကို ကျပ်ငါးသိန်းဂျီအက်စ်အမ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုတဲ့ ငွေဖြည့်ကတ်ကို နံပါတ်တွေရိုက်နှိပ်ပြီး ငွေဖြည့်လိုက်တော့ ငွေက၀င်သွားပါတယ်။ ဒါပေမယ့် သုံးလို့မရပါဘူး။ တစ်ခါသုံးဖုန်းက ငွေကုန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဖြည့်ထားတဲ့ငွေက သုံးလို့မရတော့ပါဘူး။ ဒီလိုပဲ ငွေဖြည့်တာရတယ်ဆိုပြီး သူငယ်ချင်းတွေလည်းဖြည့်ကြတယ် အားလုံး ငါးသောင်းကျော်လောက်တော့ ဆုံးသွားတယ်” ဟုပြောသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် “တစ်ခါသုံး Prepaid ကတ်တွေထဲကို ငွေထပ်ဖြည့်ပြီးသုံးတာမျိုးတွေ လုပ်လို့မရပါဘူး။ ငွေဖြည့်တဲ့အချိန်မှာ ငွေဝင်သွားတယ်ဆိုတာကတော့ GSM အချင်းချင်းဖြစ်နေတာကြောင့် Server က လက်ခံလိုက်တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီငွေကို တစ်ခါသုံးကတ်တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး” ဟုပြောသည်။ အဆိုပါ တစ်ခါသုံးကတ်များမှာ ငွေထပ်မံဖြည့်သွင်းကာ အသုံးပြုမရနိုင်သောကြောင့် အသုံးပြုသူများအနေဖြင့် ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် စမ်းသပ်ငွေဖြည့်သွင်းခြင်းများ မပြုလုပ်သင့်ကြောင်း သိရသည်။

ရေးသားသူ -ကိုသက်
Unknown at 4:55 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.