Thursday, March 8, 2012

မိုဘိုင်းဖုန်းကွန်ရက်ကို အခမဲ့လုပ်ကိုင်ပေးလိုသည့် ပြည်ပကုမ္ပဏီများရှိနေ


ငွေကြေးပေးစရာမလိုအပ်ဘဲ မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ကို အခမဲ့လာရောက်လုပ်ကိုင်ပေးလိုသည့် ပြည်ပနည်းပညာကုမ္ပဏီများသည် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ သင့်လျော်မှုရှိသည့် ကုမ္ပဏီကိုရွေးချယ်၍ မိုဘိုင်းဖုန်းကွန်ရက်၏ တယ်လီဖုန်းအသုံးပြုမှုကို

အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။ “ကုမ္ပဏီနာမည်တွေကိုမပြောဘူး။ လာပြီးဆွေးနွေးတဲ့ကုမ္ပဏီတွေရဲ့ နိုင်ငံတွေကိုပဲပြောမယ်။ အိန္ဒိယပါတယ်။ တရုတ်ပြည်ကပါတယ်။ အစ္စရေးကပါတယ်။ ကိုရီးယားကပါတယ်။ အိုင်ယာလန်ကပါတယ်။ ဘယ်အဖွဲ့အစည်းက ကိုယ်တို့ရဲ့မိုဘိုင်းနက်ဝက်ဘ်ကို၊ အသုံးပြုသူတွေကို အဆင်ပြေအောင်လုပ်ပေးနိုင်မလဲဆိုတာ ကိုယ်တို့ဆီကလူကြီးတွေ၊ တာဝန်ရှိသူတွေက စိစစ်နေတယ်။ စိစစ်ပြီးသွားရင် မိုဘိုင်းနက်ဝက်ဘ်ကို သူတို့တွေလုပ်သွားဖို့ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကဆိုသည်။ တချို့သောကုမ္ပဏီများသည် သတ်မှတ်ထားသော အချိန်ကာလနှင့် သတ်မှတ်ထားသော စရိတ်တစ်ခုအပေါ်မူတည်၍ ပူးပေါင်းလုပ်ကိုင်လိုကြကြောင်း တချို့သောကုမ္ပဏီများမှာ ငွေကြေးပေးစရာမလိုအပ်သည့် အခမဲ့လုပ်ကိုင်မှုမျိုးကို လုပ်ကိုင်ပေးလိုကြကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ရေးသားသူ -မြင့်ကျော်လှိုင်
Unknown at 4:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.