Monday, March 12, 2012

မကွေးNLD အောင်နိုင်ရေးဆိုင်ဘုတ် ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးကဖြုတ်ချ



ဖြုတ်ချခံရတဲ့ ဆိုင်းဘုတ်
ဆိုင်းဘုတ်ဖြုတ်ချတဲ့ တရားခံ စိုးပိုင် (ကြံ့ဖွံ့ အဖွဲ့ ဝင်)
ပြီးခဲ့တဲ့ မတ်လ (၈)ရက်နေ့ က မကွေးမြို့ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလိုသော ဆိုင်းဘုတ်အားတပ်ဆင်ထားရာ အာဏာပိုင်အဖွဲ့အစည်း၏ အမိန့်မပါပဲ ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးက ဖြုတ်ချသွားပါသည်။

မကွေးမြို့ အိုးဘိုရပ် 7လမ်း အရှေ့ထိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နံနက် (၉)နာရီ 
လောက်မှာတင်ထားတဲ့ ဆိုင်းဘုတ်ကို နေ့ လည် (၁၂)နာရီလောက်မှာ ဖြုတ်ချခံရတာဖြစ်
ပါသည်။

မကွေးမြို့၊ မြို့မရပ်၊ ဘုရားလမ်းတွင် နေထိုင်သော ဦးနန်းလှိုင်(ရွှေသွေး)မော်တော်ယာဉ်ပိုင်ရှင် ကြံ့ဖွတ်ပါတီရပ်ကွက်ခေါင်းဆောင်၊ ဦးနန်းလှိုင်၏ ခိုင်းစေချက်အရ ကြံ့ဖွတ်ပါတီဝင် စိုးပိုင် ဆိုသူ
မှဖြုတ်ချသွားတာဖြစ်ကြောင်းသိရပါသည်။ စိုးပိုင် သည် အလုပ်မရှိအကိုင်မပဲ သူများခိုင်းတာ
လုပ်နေရသူဖြစ်ကြောင်းလည်း မကွေးမြို့ များက ပြောပြပါသည်။


 စိုးပိုင် သည် အများပြည်သူ၏ ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်၏ ဆိုင်းဘုတ်အား 
ဦးနန်းလှိုင်၏ ခိုင်းစေချက် တစ်ခုတည်းဖြင့် ဖြုတ်ချသွားပါသဖြင့် မတ်လ(၉)ရက်နေ့ တွင် မြို့နယ်
 ကော်မရှင်ရုံးသို့ တိုင်ကြားထားကြောင်း မကွေး NLD အဖွဲ့ ဝင်တဦးက Myanmar News Now
ကိုပြောပါသည်။

Myanmar News Now
Unknown at 4:02 PM
Share

1 comment:

  1.ုko pyi chitMarch 24, 2012 at 10:38 PM

    အဲဒီ စိုးပိုင်ဆိုတဲ့ မျိုးမစစ်တွေ အမြန်ဆုံး ပျောက်ကွယ်
    သွားပါစေလို့ ညတိုင်းဆုတောင်းနေတယ်

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.