Monday, March 12, 2012

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်း အထွေထွေ မျက်နှာစုံညီ အစည်းအဝေးကျင်းပ


72414
မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်း အထွေထွေ မျက်နှာစုံညီ အစည်းအဝေးကို မတ်လ ၂ ရက်နေ့ က ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် တက်ရောက်ခဲ့ ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးရှိ ဆေးရုံပေါင်း ၁၃၈ ရုံမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းကို ဆွေးနွေးအတည် ပြုခြင်း၊ အသင်းဝင်များ လက်ခံခြင်း၊ အသင်း၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့  ဖွဲ့စည်းခြင်းတို့ကို ဆွေးနွေးခဲ့သည်။
“မနက်ပိုင်းမှာ ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းကို ဒီအစည်းအဝေးမှာ အများ သဘောတူ အတည်ပြုခဲ့ပါတယ်။ ညနေပိုင်းမှာ အလုပ်အမှုဆောင် အသစ် ရွေးချယ်တယ်။ အလုပ်အမှုဆောင် ရွေးချယ်တဲ့ နေရာမှာ စုစုပေါင်း  ၃၂ ဦးကို ရွေးချယ်တယ်။ အလုပ်အမှုဆောင် ၃၂ ဦးကနေ ဗဟိုအလုပ်အမှု ဆောင် ၁၅ ဦးကိုရွေးပါတယ်။  အထက် မြန်မာပြည်က ကိုယ်စားလှယ် ဆေးရုံရှစ်ခု၊ အောက်မြန်မာပြည်က ကိုယ်စားလှယ် ဆေးရုံ ခုနစ်ခုခွဲခဲ့ပါ တယ်။ အဓိက ရည်ရွယ်ချက်က အာဆီယံနိုင်ငံတွေမှာ လုပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို အားလုံးမဟုတ်တောင် လိုက်မီနေဖို့ လိုပါတယ်။ အများစုက အာဆီယံ စံနှုန်းအတိုင်း မီနေဖို့လိုတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက နေပြည်တော်မှာလုပ်ခဲ့တဲ့  အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံ တွေနည်းတူ မြန်မာနိုင်ငံက လုပ်နိုင်ဖို့နဲ့ ကြိုတင် ပြင်ဆင်ထားဖို့ဆိုတဲ့ အချက်ပါပါတယ်၊၊ ဒီဟာကပုဂ္ဂလိက မှာ ပိုပြီးတာဝန်ရှိပါတယ်။ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်တဲ့အခါ မှာ အစိုးရမဟုတ်တဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ပါ ပါတယ်။ နိုင်ငံတော်နဲ့ ပုဂ္ဂလိကနဲ့ကြားမှာ အသင်းအဖွဲ့တစ်ခုလိုတဲ့ အတွက် ဖွဲ့စည်းဖြစ်ခဲ့တာပါ”ဟုပန်းလှိုင်ဆေးရုံ (ရန်ကုန်)မှ ဒေါက်တာရဲမိုးမြင့်က ဆိုပါသည်။
EMG
Unknown at 4:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.