Monday, March 12, 2012

မြန်မာ့အလုပ်အကိုင် အခွင့်အလမ်း ပြပွဲ Myanmar Job Fair 2012 ကို မတ်လ တတိယပတ်အတွင်း ကျင်းပပြုလုပ်သွားမည်

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအကြိမ် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်း ပြပွဲ Myanmar Job Fair 2012 ကို မတ်လ ၁၇ရက်နဲ့ ၁၈ရက်နေ့များတွင် UMFCCI ပထမထပ် မင်္ဂလာခန်းမကြီး မှာ ကျင်းပပြု လုပ်သွားမှာ ဖြစ်တယ်လို့ အဆိုပါ ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

အဆိုပါပြပွဲမှာ နိုင်ငံအတွင်း အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းများနဲ့ အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်များ တစ်နေရာတည်းမှာ တိုက်ရိုက်တွေ့ဆုံနိုင်ရန် ၊လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိနိုင်ရန်၊ အလုပ်ရှာဖွေနေတဲ့ လူငယ် လူရွယ်များအတွက် အချိန်ကုန်၊ ငွေကုန်သက် သာစွာဖြင့် ၀န်ဆောင်ခ ကုန်ကျစရိတ်မရှိဘဲ လုပ်ငန်းများ၊ ကုမ္ပဏီများနဲ့ တိုက်ရိုက်တွေ့ဆုံကာ အလုပ်အကိုင်များ ရရှိစေရန် အစရှိတဲ့အချက် ၃ချက်ကို ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ် တယ်လို့ သိရပါတယ်။

အဲ့ဒီပြပွဲမှာတော့ မြန်မာနိုင်ငံရှိ ကုမ္ပဏီကြီး ၅၀ကျော်မှ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ ပြခန်းပေါင်း တစ်ရာကျော်ကို ပါဝင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါပွဲအတွင်းမှာပင် အလုပ်လျှောက်ထားလိုသူများကို လျှောက်လွှာများလက်ခံခြင်း၊ လူတွေ့အင်တာဗျူးများ ပြုလုပ်ခြင်း၊ အလုပ်ခန့်အပ်ခြင်းများကိုပါ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Unknown at 8:51 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.