Monday, March 12, 2012

ကချင်ပြည်နယ် မိုးကောင်းတွင်လည်း မဲပေးနိုင်သည့် အမည်စာရင်း ပျောက်ဆုံးနေ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း ပေးနိုင်သော လူဦးရေ ၇သောင်းကျော် ရှိရာမှ တစ်သောင်းကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။
“ ၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒရှင် အမည်စာရင်းအရဆိုရင် လူဦးရေက ၇သောင်းကျော်ရှိတယ် အခု မဲပေးနိုင်တဲ့ လူဦးရေ စာရင်းမှာ ၆၇၀၅၀ ပဲရှိတယ် တော်တော် ကွာဟနေတယ်” ဟု ကချင်ပြည်နယ် မိုးကောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်ကြည်က ပြောသည်။
မိုးကောင်းမြို့နယ်တွင် ပျောက်ဆုံးနေသော မဲဆန္ဒရှင်လူဦးရေး အများစုမှာ ပြောင်းရွှေ့အလုပ်သမားများ၏ အမည်များ ဖြစ်ပြီး အဆိုပါအမည်များကို မတ်လ ၆ရက်နေ့မှ တစ်ပတ်အတွင်း ကော်မရှင်ရုံးသို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။
“ ရပ်ကျေးကော်မတီကနေမှ မြို့နယ်ကော်မရှင်ကို ပို့ပြီးမှ အမည်စာရင်းပြန်ထည့်လို့ရမှာ အဲ့ဒါကြောင့် မဲပေးမဲ့လူအမည် စာရင်းကျန်ခဲ့ရင် တစ်ပတ်အတွင်း လာပြောလို့ရပါတယ်” ဟု ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပျောက်ဆုံးနေသည့် လူဦးရေစာရင်းမှာ နမ္မတီးမြို့တွင် ၅၀၀ကျော်၊ ဆားမှော်မြို့၌ ၇၀ခန့်ရှိပြီး အူးတန်းတွင် ရပ်ကွက်လိုက် မဲပေးနိုင်သည့် လူစာရင်းပျောက်ဆုံးနေကြောင်း သိရသည်။
 ဂျာတော့ပ်(မြစ်မခ)
Unknown at 8:53 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.