Thursday, March 15, 2012

Model နိမ့်ကားများ တင်သွင်းမှု ရှိပါက ဘဏ္ဍာပိုင်အဖြစ် သိမ်းမည်


Model နိမ့်ကားများ တင်သွင်းမှုရှိပါက ဘဏ္ဍာပိုင် အဖြစ် သိမ်းဆည်းမည်Model နိမ့်ကားများ တင်သွင်း မှုထုတ်ပြန်ချက်အား လိုက်နာမှု မရှိဘဲ ဆက်လက် တင်သွင်းပါက ဘဏ္ဍာပိုင် အဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ကြီးမားတဲ့အမှားမျိုးက ကုမ္ပ ဏီ၊ နိုင်ငံခြားသင်္ဘောသား၊ နိုင်ငံ ခြားမှာအလုပ်လုပ်သူ၊ ကျောက်မျက် လုပ်ငန်းရှင်၊ ခရီးသွားလုပ်ငန်းရှင် တွေကို တင်သွင်းခွင့်ပြုတဲ့ 2007 ကနေ ၂၀၁၂ ခုနှစ်အထိနဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေလွဲချော်နေတာ မျိုးရှိရင် ဒုတိယညွှန်မှူးနဲ့အဆင့်ဆင့် ဆောင်ရွက်မှုရှိတယ်။
ထုတ်လုပ်တဲ့ ခုနှစ်ကွဲလွဲတာက Model Year သတ်မှတ်နှစ်အတွင်းYear (နှစ်) အမြင့် တင်သွင်းရင် ဒဏ်ကြေးမ ရိုက်ဘဲYearအမြင့်ရဲ့ သတ်မှတ် ဈေးကို CD + CT ကောက်ခံတယ်။ Model Yearအနိမ့်တင်သွင်းမိရင် I/ L လို့ခေါ်တဲ့ သတ်မှတ်ဈေးနှုန်းမှာ CD + CT + ဒဏ်ကြေးကို နှစ်အ လိုက် AV တိုးပြီးဒဏ်ရိုက်တယ်" ဟု ၄င်းကဆိုသည်။
ကားတင်သွင်းမှုနှင့်ပတ်သက် ၍ သတ်မှတ်ထားသော စာရွက်စာ တမ်းများ ပြီးပြည့်စုံပါက နေ့ချင်းပြီးဆောင်ရွက်နိုင်ကြောင်း၊ မနက်ငွေ သွင်းကာ ဆိပ်ကမ်းဆင်းကားထုတ် နိုင်ကြောင်းပြောသည်။
"လိုအပ်တဲ့ စာရွက်စာတမ်းတွေထဲမှာ အဓိက သွင်းကုန်ပါမစ်ပါရမယ်။ PO အ ချက်အလက်၊BLသင်္ဘောလိုင်းက ထုတ်ပေးတဲ့ သက်သေခံလက်မှတ်၊ ယာဉ်ပိုင်ရှင်အမည်၊ ပါကင်လစ်၊ ကြွေးယူတဲ့ဖြတ်ပိုင်း၊ ဘဏ်ငွေလဲ လှယ်လက်မှတ်၊ ကုန်သည်ပယ်ဖျက် လက်မှတ်ရှိရမယ်။ သတ်မှတ် ထား တဲ့ အချက်အလက် တစ်စုံတစ်ရာ ကွဲလွဲချက်ရှိရင် နေ့ချင်းမပြီးဘူး၊ ကွဲလွဲချက်ဆိုတာက ဥပမာ "ဒေါ်" နေရာမှ "မ"ဖြစ်နေတာမျိုး ဆိုရင် ဒဏ်ငွေဆောင်ရမယ်"ဟု ၄င်းမှပြောသည်။
အကောက်အခွန် ဌာနမှ ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များ အနေဖြင့် ကုန်သွယ်ရေးညွှန်ကြား ရေးမှူးဦးစီးဌာနမှ သတ်မှတ်ဈေး နှုန်းနှင့် ကိုက်ညီမှုရှိရမည်။ ကုန် သွယ်ရေး ညွှန်ကြားမှု မှတ်တမ်းမှ ထုတ်ပြန်ချက် အရ CD2000 အ ထက်ကို ကားတင် သွင်းခွန် ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံကာ၊ CD2000 အောက်ကို တင်သွင်းခွန် ၃၀ ရာခိုင် နှုန်းနှင့် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဌာနမှ သိရှိရ သည်။
မော်တော်ကား တင်သွင်းမှုကို ၂၀၁၁ အောက်တိုဘာ ၂၅ရက် မှစ၍ တင်သွင်းခွင့်ပြုရာ ကုန်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတ် မှတ်ထားသော စည်းမျဉ်းဥပဒေနှင့် ကိုက်ညီမှု ရှိမှသာ တင်သွင်းခွင့်ပြု ကြောင်း၊ လက်ရှိဘဏ္ဍာပိုင်သိမ်း ဆည်းထားသော ကား(၃)စီးရှိ ကြောင်း၊Model မြင့်ကား များတင် သွင်းခြင်းမှာ ကိစ္စမရှိသော်လည်း၊ နိုင်ငံတော်၌ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေသော အခြေအနေ တွင် Model နိမ့်ကားများ မြန်မာ နိုင်ငံအတွင်း၌ မရှိစေလိုသော ကြောင့် တားဆီးရခြင်းဖြစ်ကြောင်း သိရသည်။
ရိုးရာလေး
Unknown at 1:25 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.