Thursday, March 15, 2012

နိုင်ငံသား စိစစ်ရေး စမတ်ကတ်ပုံစံ ပြောင်းထုတ်ရန် အစီအစဉ်ရှိ

နိုင်ငံသား စိစစ်ရေး စမတ်ကတ်ပုံစံ   ပြောင်းထုတ်ရန် အစီအစဉ်ရှိမြန်မာနိုင်ငံ၌ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ လက်ရှိ ထုတ်ပေး လျက် ရှိသော နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အား နိုင်ငံတကာအဆင့်မီ စမတ်ကတ် ပုံစံဖြင့် ပြောင်းလဲ ထုတ်ပေး သွားနိုင်ရန် အစီအစဉ် များ ချမှတ်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား စမတ်ကတ်ပုံစံ ပြောင်းလဲထုတ်ပေးနိုင်ရန်အတွက် မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီမှ ယခုအခါဆော့ဖ် ဝဲပိုင်းအား ရေးဆွဲ လျက်ရှိပြီး အလုံးစုံပြီးစီး သွားပါက လူဝင်မှုကြီးကြပ်ရေးမှ တစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြပေးအပ်သွား မည်ဖြစ်ကြောင်း မြန်မာအင်ဖို တက်ခ်မှ နည်းပညာ ပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"စမတ်ကတ်မှာ နိုင်ငံသား တစ်ဦးရဲ့မပြောင်းလဲနိုင်တဲ့ အချက် အလက်တွေနဲ့ လက်ဗွေရာစနစ် တွေပါဝင်တဲ့အပြင် စမတ်ကတ် စစ်ဆေးတဲ့ စက်ပေါ်ကိုတင်လိုက် တာနဲ့ အဲဒီကတ်ပိုင်ရှင်ရဲ့ အမည်၊ အသက်၊ လိပ်စာ၊ အဘအမည်နဲ့ သွေးအမျိုးအစားစတဲ့ ကိုယ်ရေး အချက်အလက်တွေကို တိတိ ကျကျနဲ့မြင်တွေ့စစ် ဆေးနိုင်တဲ့ အပြင်အရင်ကတ်တွေလိုလွယ်လွယ် နဲ့မပျက်စီးနိုင်ဘူး။ အတုလည်း လုပ်လို့မရဘူး။ ကျွန်တော်တို့ အနေနဲ့ အခုလောလောဆယ်က တော့ ဒီစနစ်ကိုအကောင်အထည် ဖော်ဖို့အတွက် နည်းပညာပိုင်းရေးဆွဲ နေတုန်းပဲရှိသေးတယ်"ဟု ၄င်းက ဆိုသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနမှ အကြီး တန်းတာဝန်ရှိသူတစ်ဦးက လက်ရှိ ထုတ်ပေးနေသော နိုင်ငံသားစိစစ် ရေးကတ်ပြားအား စမတ်ကတ်ပုံစံ ဖြင့် ပြောင်းလဲထုတ်ပေးသွားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိ သည်မှာ မှန်ကန်ကြောင်း၊ သို့ရာ တွင် ထိုသို့ထုတ်ပေးပါက ကုန်ကျ စရိတ်များစွာ မြင့်တက်လာနိုင်သော ကြောင့် သင့်တော်သော အချိန် တစ်ခုသို့ရောက်မှသာ ပြောင်းလဲ ထုတ်ပေးသွားနိုင်မည်ဖြစ်ပြီး လတ် တလောတွင် ယခင်ပုံစံအတိုင်းသာ ဆက်လက်ထုတ်ပေးသွားမည် ဖြစ် ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံး ရှိ လူဦးရေစာရင်းအား သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် စီ စဉ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံသား စိစစ်ရေးကတ်များအား အသက် ပြည့်ပြီးသူတိုင်း ငွေကုန်ကြေးကျ သက်သာစွာဖြင့် အလျင်အမြန်ရရှိ စေရန် စီမံချက်များချကာ ပြုလုပ် ပေးလျက်ရှိကြောင်း၊ ထိုသို့နိုင်ငံ သားစိစစ်ရေးကတ်တစ်ခုလျှင် ငွေ ခြောက်ကျပ်ဖြင့် ပြုလုပ်ပေးခြင်း ကြောင့် ဝန်ကြီးဌာနအနေဖြင့် များ စွာ အရှုံးပေါ်ကြောင်း၊ ထို့အတွက် ငွေကုန်ကြေးကျ ပိုများသည့် နိုင်ငံသားစိစစ်ရေး စမတ်ကတ်များ ထုတ်ပေးရန် အစီအစဉ်ကို ၂၀၁၅ ခုနှစ်ခန့်မှသာ စတင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
"နိုင်ငံတကာမှာလည်း နိုင်ငံ သားစိစစ်ရေးကတ်တွေကို စမတ် ကတ်နဲ့ထုတ်ပေးနေတာကျွန်တော် တို့အနေနဲ့ သိပါတယ်။ အိမ်နီးချင်း ထိုင်းနဲ့စင်ကာပူနိုင်ငံမှာလည်းစမတ် ကတ်တွေ ဖြစ်ကုန်ပြီ။ ကျွန်တော် တို့နိုင်ငံမှာလည်း မကြာခင် အဲဒီ နိုင်ငံတွေကပုံစံအတိုင်း ထုတ်ပေး သွားပါမယ်"ဟု၎င်းကထပ်လောင်း ပြောသည်။
သူရထွန်း၊ အိမ်စည်စိုးစံ
ရိုးရာလေး 
Unknown at 10:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.