Monday, March 12, 2012

Lenovo ကုမ္ပဏီမှ ကွန်ပျူတာများ ပြန်လည်သိမ်းယူမည်


တရုတ်ကွန်ပျူတာ ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Lenovo ကုမ္ပဏီဟာ တရုတ်ပြည်မကြီးမှာ ရောင်းချခဲ့တဲ့
ကွန်ပျူတာအလုံးရေ ၁၂၃၀၀ကျော်ကို ပြန်လည်သိမ်းယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ပြန်လည်သိမ်းယူမယ့် ကွန်ပျူတာတွဟာ ၂၀၁၀ခုနှစ် ဇူလိုင်လကနေ ၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်း ရောင်းချခဲ့တဲ့ Think Centre M စီးရီး ကွန်ပျူတာတွေဖြစ်ပြီး Power Supply စနစ်မှာ ချွတ်ယွင်းချက်ရှိတဲ့အတွက် ပြန်လည်သိမ်းယူမှာ ဖြစ်ပါတယ်။

အဲဒီလို Power Supply ချွတ်ယွင်းချက်ကြောင့် ကွန်ပျူတာတွေရဲ့ အပြင်ဘက်နံရံမှာ အပူလွန်ကဲပြီး မီးလောင်တဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ Lenovo ကုမ္ပဏီမှာ အဲဒီချွတ်ယွင်းချက်ကို ဖြေရှင်းဖို့အတွက် အရည်အသွေး မကောင်းတဲ့ Power Supply တွေကို အခမဲ့ပြန်လည် လဲလှယ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Unknown at 5:46 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.