Monday, March 12, 2012

မြို့မကျောင်းလမ်း ပေါ်တွင် ယာဉ် ၄ ဆင့်တိုက်မှု ဖြစ်ပွားခဲ့

မတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ ၀န်းကျင် ခန့်က ဒဂုံမြို့နယ်၊ မြို့မ ကျောင်းလမ်းနဲ့ မင်းရဲကျော်စွာ လမ်းဆုံရာ ဆေးတက္ကသိုလ် ၁ ရှေ့ဘက်မှာ ကား ၄ ဆင့် တိုက်မှု

တစ်ခု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုမှာ မြို့မကျောင်းလမ်း ဘက်မှ  မြို့ထဲသို့ သွားရာ ဘက်ကို မောင်းလာတဲ့ တက္ကဆီ ယာဉ်ဟာ ၎င်းရှေ့ရှိ ကားများကို ကျော်တက်ရာမှ ရှေ့မှ မောင်းနှင်နေတဲ့ ဂျပန် သံရုံးမှ သံရုံးကားကို အရှိန်မထိန်း နိုင်ဘဲ ၀င်တိုက် ခဲ့ပါတယ်။

 အဆိုပါ တိုက်မိမှုကြောင့် ဂျပန်သံရုံးမှ ကားဟာ ကန့်လန့် ဖြစ်သွားပြီး ဘေးမှာရှိတဲ့ ဂျစ်ကားကို ထပ်မံ ၀င်တိုက် မိတယ်လို့ သိရပါတယ်။  အဲ့ဒီနောက် မှာတော့ အတိုက်ခံရတဲ့ ဂျစ်ကားဟာ လမ်းပေါ်မှာ တစ်ပတ်လည် သွားပြီး ပလက်ဖောင်း ပေါ်သို့ ရောက်ရှိ သွားတယ်လို့ သိရပါတယ်။ အဲ့ဒီ နောက်မှာတော့ ယာဉ်တိုက်မှုကို စတင် ဖြစ်ပေါ်စေတဲ့ တက္ကဆီ ကားရှေ့ဘက်လမ်း ကြောင်းမှ မောင်းနှင်လာတဲ့ ဆီပေပါခွံများ တင်လာတဲ့ ဒိုင်နာကား တစ်စီးကို ထပ်မံ ၀င်တိုက် မိခဲ့တာကြောင့် တစ်ချိန်တည်းမှာ ယာဉ် ၄ ဆင့် တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်မတော် တဆမှုတွေကြောင့်  တက္ကဆီ ယာဉ်မောင်းဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ကျန်ယာဉ်မောင်း များမှာတော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
MRTV-4
Unknown at 5:25 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.