Saturday, March 10, 2012

မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်

မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်

by Moenge Aung on Saturday, March 10, 2012 at 9:56am ·
 
မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်
အတွဲ(၁၃) အမှတ်(၁၀) အင်တာနက်ဂျာနယ်
Thursday, 08 March 2012 22:56

မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြန်မာအင်ဖိုတက်ခ်တွင် M.S.T Computer Centre မှဦးစီးကျင်းပသည့် Why Cyber Threads are becoming Global Issuse and to acquire Valued ICT Security Skill ဆွေးနွေးပွဲမှ သိရှိရသည်။

“မြန်မာနိုင်ငံအနေနဲ့ အခုချိန်မှာ တိုးတက်နေတဲ့နိုင်ငံဖြစ်တယ်။ လုပ်ငန်းဆိုင်ရာတွေမှာ ICT နည်းပညာအသုံးပြုမှုတွေလည်း များလာတယ်။ Network အသုံးပြုမှုလည်း တွင်ကျယ်လာတယ်။ အဲဒီတော့ Network လုံခြုံရေးကို အလေးထားပြုလုပ်သင့်ပြီ။ အခုနောက်ပိုင်း ပြည်တွင်းကဘဏ်လုပ်ငန်းပိုင်းတွေမှာ Network တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေပြီ။ အဲဒီ့ဘဏ်လုပ်ငန်းတွေကို Hacker တွေက စိတ်ဝင်စားလာနိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက Hacker တွေစိတ်ဝင်စားပြီး တိုက်ခိုက်လာနိုင်တဲ့နိုင်ငံ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ဘဏ်လုပ်ငန်းတွေ အရေးကြီးတဲ့ရုံးဌာနတွေမှာ Network နဲ့ပတ်သက်တဲ့ကာကွယ်ရေးတွေ၊ လုံခြုံရေးတွေ ပြုလုပ်သင့်တယ်” ဟု MHR မှဦးအေးကျော်ကပြောသည်။ “Hacking လုပ်ခံရတာက မိမိကလက်ခံမှလုပ်လို့ရတာ။ မိမိကလက်မခံရင် Hack လို့မရဘူး။ အရေးကြီးတဲ့နေရာတွေ Network Security နဲ့ပတ်သက်ပြီး တကယ်ကျွမ်းကျင်တဲ့လူတွေကို ခန့်ထားဖို့လိုအပ်နေပြီ” ဟု M.S.T Computer Center မှဦးအောင်ဇော်မြင့်ကပြောသည်။ မြန်မာနိုင်ငံမှ ထိုသို့ Cyber Attack များကို ပြည်ပက Hacker များထက် ပြည်တွင်းရှိ Hacker များကသာ အများဆုံးတိုက်ခိုက်နိုင်သည်ဟုလည်း သိရသည်။

ရေးသားသူ -ကိုဟိန်း
Unknown at 10:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.