Saturday, March 10, 2012

ဟင်္သာတ ဗုံးပေါက်ကွဲမှု မင်္သာကာသူများကို ခေါ်ယူစစ်ဆေးနေ

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ က ဟင်္သာတမြို့  ရုံးကြီးရပ်ကွက် ရွှေစေတီလမ်းရှိ စွယ်တော်ရိပ် ကွန်ပျူတာဆိုင် အနောက်ဘက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ရေမြောင်းအတွင်း မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော လက်ပစ်ဗုံး တစ်လုံးနှင့် ယမ်းထုပ် သုံးထပ်ကို ထပ်မံတွေ့ရှိ ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ မှာလည်း ဟင်္သာတမြို့ ဆယ်လူလာလ္ဘက်ရည်ဆိုင်နောက် စာတိုက်အိမ်သာဘေးမှာ
ဗုံးတစ်ထပ်မံတွေ့ ရှိခဲ့ပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေ ဗုံးထပ်မံတွေ့ ရှိမှုတွေနဲ့ ပါတ်သတ်လို့ စာတိုက်မှူးဦးကျော်ဆွေ နဲ့ သူ့ ဇနီးအပါအ၀င် ဆက်သွယ်ရေးနဲ့ စာတိုက်ဝန်ထမ်းတွေအားလုံးကို ခေါ်ယူစစ်ဆေးနေ
တယ်လို့ သိရပါတယ်။

စာတိုက်ဝန်ထမ်းတွေဖြစ်တဲ့ ကိုကျော်စွာလင်း နဲ့ မတူးမာ ကိုတော့ မတ်လ(၉)မှာ မသင်္ကာမှုနဲ့ ဖမ်းဆီးထားပြီး၊ဆည်မြောင်းရိပ်သာထဲမှာ စစ်ဆေးနေကြောင်း ဟင်္သာတမြို့ ခံတွေက Myanmar News Now ကိုပြောပါတယ်။
ကိုကျော်စွာလင်း ရဲ့ မှတ်စုစာအုပ်ထဲမှာ ဗုံးထောင်နည်းနဲ့ ဗုံးလုပ်နည်း စာတွေ တွေ့ ရှိရာကနေ
 ဖမ်းဆီးစစ်ဆေးနေတာဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၇ ရက်နေ့ က စာတိုက်အိမ်သာဘေးက ဗုံးကို ပထမဆုံးတွေ့ ရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင်
က (၁၃)အရွယ် စားပွဲထိုးခလေးငယ်တဦးနဲ့ လက်ဖက်ရည်ဆိုင်က အကြော်ဆရာတဦးလည်း ခေါ်ယူစစ်
ဆေးခံရပါတယ်။ အခုချိန်ထိတော့ တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးကြောင်း Myanmar News 
Now မှ စုံစမ်းသိရှိရပါတယ်။
သစ်ထူးလွင်
Unknown at 10:38 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.