Tuesday, March 27, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်မယ့်လူ


ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန် ကော့မှူး မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ပြိုင်ဘက်က ဒေါက်တာစိုးမင်း ဖြစ်ပါတယ်။ သူက ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြိုင်မှာပါ။

ဒေါက်တာစိုးမင်းက ဘယ်သူလဲ။
သူက နိုင်ငံရေးနယ်ပယ်က မဟုတ်ပါဘူး။ စစ်တပ်က ဆရာဝန်ဖြစ်တယ်၊ ၂၀၀၈ မှာ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီ ၀င်ခဲ့တယ် လို့ Reuters သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ပါတီက သူ့ကို ရွေးခဲ့တယ် တဲ့။ သူက တွံတေးဇာတိ ဖြစ်ပါတယ်။ ရန်ကုန် ဆေးတက္ကသိုလ် ကနေ ကျောင်းပြီးတယ်၊ ၂ နှစ်အကြာမှာ ၁၉၈၈ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရချိန်မှာ သူက ဆရာဝန်စိုးမင်းက စစ်တပ်ထဲ ၀င်လိုက်ပါတယ် တဲ့။
သူက ငွေရှာဖို့ စိတ်မပါဘူး၊ ရှေ့တန်းကိုပဲ သွားခဲ့သူပါ တဲ့။
အငြိမ်းစား စစ်တပ် ဆရာဝန်က အခုတော့ ပါတီက ထောက်ပံ့ငွေနဲ့ ဖွင့်ထားတဲ့ အခမဲ့ ဆေးခန်း ၂ ခုအတွက် သူလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနည်းချက်ကတော့ ပြည်ပမှာ နေထိုင်ခဲ့တာပါပဲ တဲ့။
“ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို သူမသိဘူး” လို့ သူက ဆိုပါတယ်။
“သီအိုရီအပိုင်းကို သူပိုသိတယ်၊ ကျနော်က လက်တွေ့ပိုင်း ပိုသိတယ်” တဲ့။
ဒီရွေးကောက်ပွဲကနေ အတွေ့အကြုံတွေအများကြီးရမှာပဲလို့ သူက ဆိုပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ကိုပါ ဒေါက်တာစိုးမင်းက စဉ်းစားနေပါတယ် တဲ့။
ဆောင်းပါးရှင်က သူ့ဆောင်းပါးကို ဒေသခံ အောင်မင်း ဆိုတဲ့ ကော့မှူးကဈေးသည်ရဲ့စကားနဲ့ အဆုံးသတ်ထားပါတယ်။
“အခုချိန်မှာတော့ ဒေါ်စုကို ဘယ်သူမှ ယှဉ်လို့ မရပါဘူး၊ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာနော်။ မိုးပေါ်က သိကြားမင်းတောင်မှ ယှဉ်နိုင်မှာ မဟုတ်ဘူး” တဲ့။
ညွှန်း - Reuters သတင်း - In Myanmar, old soldier fights losing war against Suu Kyi
- http://www.euronews.com/newswires/1453982-in-myanmar-old-soldier-fights-losing-war-against-suu-kyi/
Sithu Linn
Irrawaddy Blog
Sunday, March 25, 2012
http://www.irrawaddyblog.com/2012/03/blog-post_1374.html
Posted by lu bo
Unknown at 3:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.