Tuesday, March 27, 2012

မအူပင်မြို့နယ် ကျေးရွာအချို့ရှိ မဲဆန္ဒရှင်ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်ခဲ့


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ကျေးရွာအချို့တွင်  ရပ်/ ကျေးကော်မရှင်ရုံးများ၌ တာဝန်ရှိသူများ မရှိခြင်းနှင့် ပြုလုပ်ရမည့် အခြေခံ အချက်အလက်များကို မသိရှိခြင်းကြောင့် မဲဆန္ဒရှင် ပြည်သူများမှာ မဲစာရင်း ပြင်ဆင်မှုလျှောက်ထားရန်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း ကျေးရွာနေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် မဲဆန္ဒရှင်များမှာ မိမိတို့၏ အမည်ကို မဲစာရင်းတွင် မှားယွင်းခြင်း၊ မပါရှိခြင်းတို့အတွက် ပြန်လည်ပြင်ဆင် ဖြည့်စွက်ရန် မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြကြောင်း၊ ကျေးရွာခွဲအချို့ရှိ ပြည်သူများမှာ ကျေးရွာအုပ်စု ကော်မရှင်ရုံးနှင့် ဝေးကွာသဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆောင်ရွက်ခြင်း မပြုနိုင်ကြကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်သော်လည်း ကော်မရှင်ရုံးရှိ တာဝန်ရှိသူများမှာ ကျေးရွာတွင် မရှိခြင်းစသည့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''မဲစာရင်းကြေညာတာကို မသိလိုက်ဘူး။ NLD က မဲစာရင်းလိုက် တိုက်တော့မှ မပါမှန်းသိရတယ်။ ပဲတွေ စပါးတွေ သိမ်းချိန်ဆိုတော့ မဲစာရင်းပြင်ဖို့ သွားမလုပ်နိုင်ဘူး။ မဲမပေးရလို့တော့ မဖြစ်ဘူး''ဟု သပြေငူ ရွာသားတစ်ဦးက ပြောကြားခဲ့သည်။

''၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မပါဘူး။ အခုလည်း ပါမလာဘူး။ မဲစာရင်းပါဖို့ ဘယ်လိုလျှောက်ရမှန်းလဲ မသိဘူး'' ဟု ကျီးချောင်းရွာတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

''ကျွန်တော်တို့မိသားစုလိုက် မဲစာရင်းမပါဘူး။ ၂၀၁၀ တုန်းကမဲ ပေးခဲ့ရတယ်။ ကော်မရှင်ကိုသွား ပြောတော့ သန်းခေါင်စာရင်း မိတ္တူပေးရမယ်လို့ ပြောတယ်။ မိတ္တူပြန်မ ဆွဲချင်ရင် ရပ်ကွက်ထောက်ခံစာ ယူခိုင်းတယ်။ အဲဒီလို အဆင့်ဆင့်ဖြစ်နေတော့ ကျွန်တော်လည်း ပြန်မလျှောက် ဘဲ ထားလိုက်တယ်''ဟု မလက်တို ကျေးရွာအပိုင်း(၁)တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ မအူပင်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးမှ ဒေါက်တာ မျိုးသန့်တင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှဦးစိန်ဝင်း၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးသိန်းရွှေ၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမောင်မောင်သင်တို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

EMG
Unknown at 3:09 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.