Monday, March 12, 2012

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။
RFA
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ... စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
Unknown at 6:36 PM
Share

1 comment:

  1.ုko pyi chitMarch 24, 2012 at 10:39 PM

    ကျုပ်သိသလောက်ပြောပြမယ် တရုပ်ကလာတဲ့ CPI
    ကိုတော့ မသိဘူး ငါတို့ ဗမာပြည်ဘက်က Asia world ဆိုတဲ့ Company ကိုတော့ ကောင်းကောင်း
    သိတယ် အဲဒါ ဘိန်းဘုရင် လော်စစ်ဟန်ဆိုတဲ့ ငါတို့ 
    နိုင်ငံကို နံမည်ပျက်အောင် လုပ်ခဲ့တဲ့ ကောင်ရဲ့ သား
    ထွန်းမြင့်နိုင်(ခေါ်) စတီဗင်လော ဆိုတဲ့ကောင်ပိုင်တဲ့
    Company ဘဲ သိထားသလောက်ကတော့ အဲဒီကောင်
    ဗမာပြည်ထဲမှာ အရမ်းကိုချမ်းသာနေတယ်ဆိုတာဘဲ။
    သူနေတဲ့ နေရာကိုရော သိချင်သလား ရန်ကုန်အင်းစိန် လမ်းမကြီးပေါ်က ဘာတာမှတ်တိုင်
    နဲ့  သံလမ်းမှတ်တိုင်ကြားက လှိုင်ရတနာအိမ်ယာရှေ့
    အင်မတန်မှ ကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ အဲဒီအမျိုးယုတ်ကောင်က စင်္ကာပူကလာတဲ့ Sisilia Ng ဆိုတဲ့ တရုတ်မနဲ့ စည်းစိမ်ခံနေတယ်
    ဗမာပြည်ကို အမျိုးမျိုးစိတ်ဆင်းရဲအောင်လုပ်နေတဲ့
    အစိုးရ၀န်ထမ်းဆိုတဲ့ကောင်တွေနဲ့ ပေါင်းပြီးကောင်းစား
    နေတယ် အဲဒါတွေကို ဗမာပြည်သားတွေအကုန်လုံးသိ
    သင့်ပြီ။စိတ်ဓါတ်တွေကို ပြုပြင်သင့်ပြီ ဒီမြစ်ဆုံစီမံကိန်း
    ဆိုတာ တရုပ်ကောင်းစားပြီး ဗမာတွေ အခက်ကြုံရ
    မယ့် ကိန်းတွေတွေ့ လာမယ်လို့ ကျုပ်ကတော့ထင်
    တယ် မြင်တယ် ကဲ ခင်ဗျားတို့ ရောဘယ်လိုမြင်သလဲ
    ရမ်းသန်းပြီးပြောတာမျိုးတော့ မဖြစ်စေနဲ့ နော်

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.