Monday, March 12, 2012

စင်ကာပူ အိုင်တီကုမ္ပဏီကြီးတစ်ခုက မြန်မာပြည်ဈေးကွက်တွင် အခြေချနိုင်ရန် စီစဉ်နေ




Photo

စင်ကာပူနိုင်ငံ၏ အကြီးစား အိုင်တီကုမ္ပဏီများတွင်တစ်ခုအပါအ၀င်ဖြစ်သည့် Acclivis Technologies and Solution Pte Ltd ကနိုင်ငံတကာတွင်လူသုံးအများဆုံးဖြစ်နေ သည့် နည်းပညာပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တိုးချဲ့ဝင်ရောက်နိုင်ရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံ၏ အကြီးဆုံး System Integrator များတွင် တစ်ခုအပါအ၀င်ဖြစ်သော အဆိုပါကုမ္ပဏီအနေဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့ ၀င်ရောက်လာသည့်အချိန်တွင် ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲလုပ်ငန်းများကို အဓိကလုပ်ကိုင်သွားမည်ဟု ယင်းကုမ္ပဏီလီမိတက်၏ဒါရိုက်တာ Mr. Marcus Cheng က 7Day News အားပြောသည်။
အဆိုပါကုမ္ပဏီအနေဖြင့် ပြည်တွင်းနည်းပညာဈေးကွက်အတွင်းသို့ အခြေချဝင်ရောက်ရန် စီစဉ်နေရခြင်းအကြောင်းမှာ နိုင်ငံတကာမှ နာမည်ကျော်အမှတ်တံဆိပ်နည်းပညာ ပစ္စည်းများကို စီးပွားရေးလုပ်ငန်းရှင်များ သို့ တစ်ဆင့်ပြန်လည်ရောင်းချခွင့်များပေးလိုခြင်းနှင့် အိုင်စီတီနည်းပညာ များကို နိုင်ငံတကာနှင့် အဆက်မပြတ်ထိတွေ့နိုင်ရန် အတွက်ဟု သိရသည်။
Acclivis Technologies and Solution Pte Ltd အနေဖြင့်ပြည်တွင်းစီးပွားရေးလုပ်ကွက်အတွင်း ၄င်းတို့၏အိုင်စီတီလုပ်ငန်းများကို မကြာမီအချိန်အတွင်း စတင်ဝင်ရောက်နိုင်ရန် စီစဉ်နေကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ နိုင်ငံတကာတွင် လူသုံးအများဆုံးဖြစ်နေသည့် အိုင်တီပစ္စည်းများဖြစ်သော Dell, HP, IBM, EM C2, Net App, Juniper, Symantec, Cisco, Avnet အစရှိသည့် အမှတ်တံဆိပ်များနှင့် ပူးပေါင်းဆောင် ရွက်နေသည့်ယင်းကုမ္ပဏီသည် စင်ကာပူနိုင်ငံ ၀န်ကြီးဌာနများစွာ၏ လုပ်ငန်းများကို နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးထားသော လုပ်ငန်းတစ်ခုဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် မကြာမီအချိန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် Acclivis Technologies and Solution Pte Ltd သည် တရုတ်နှင့်အင်ဒိုနီးရှားအပြင် အာဆီယံဒေသတွင်းနိုင်ငံအချို့တွင်လည်းအလားတူစီးပွားရေးမျိုးကို လုပ်ကိုင်နေပြီဖြစ်သည်။
Unknown at 6:33 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.