Friday, March 23, 2012

နေပြည်တော်မှာ အန်အယ်လ်ဒီထောက်ခံသူ မီးမရ

နေပြည်တော်တိုင်း မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်ထောင်ထားတဲ့ အိမ်ပိုင်ရှင်ကို လျှပ်စစ်မီးမပေးဘဲ ချန်လှပ် ထားတယ်လို့ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“နေပြည်တော်တိုင်းက ပုဗ္ဗသီရိမြို့နယ် မှာ အောင်ချမ်းသာ ရပ်ကွက်ပါ။ အဲဒီနေရာက ငွေ ၂ သိန်းခွဲပေးရင် လျှပ်စစ်မီးရတယ်။ တရပ်ကွက်လုံး ရတယ်။ ဦးကြည်ဆိုတဲ့ လူတယောက်က မရဘူး။ ဘာကြောင့်မရလဲ ဆိုတော့ သူ့အိမ်မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ် ရှိနေ တယ်။ နေပြည်တော် ကောင်စီဝင် တဦးရဲ့ အမိန့်အရ မပေးတာလို့ ရာအိမ်မှူးတွေ က ပြောတယ်” လို့  ပြောပါတယ်။
သည်တွေ့ ရှိချက်ကို မတ်လ ၂၂ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာ ထည့်သွင်းထားတယ် လို့  သူက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၁ ပတ်၊ ၁၀ ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ပါတီက တွေ့ရှိ ထားချက်တွေကို အများပြည်သူသိအောင် ဆက်လက် ထုတ်ပြန်ပေး သွားမယ်လို့ သူက ပြောပါတယ်။
မတ် ၁၆ရက်မှာ မဲစာရင်းတွေ ကွာဟနေတဲ့ အကြောင်းနဲ့ မတ် ၁၉ရက် မှာ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တဲ့ ကိစ္စရပ်တွေ အကြောင်း အန်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ 
ဒီဗွီဘီ
Unknown at 6:55 AM
Share

1 comment:

  1. ကိုကိုMarch 24, 2012 at 1:57 PM

    မဟုတ်ပါဘူးဗျာ... သူ့အိမ်ကိုသွားကြည့်လိုက်ပါသေးတယ်.. ပေါက်ကရတွေလျှောက်ပြောနေတာပါ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.