Friday, March 23, 2012

၂၀၁၅ ခုနှစ်၌ ၀က်သက် ကင်းစင်နိုင်ငံ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်

From : MRTV-4
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ် အချိန်မှာ ၀က်သက် ကင်းစင် နိုင်ငံဖြစ် စေဖို့ အတွက် စီမံချက်နဲ့ ဆောင်ရွက် လျက်ရှိတယ်လို့ မတ်လ ၁၄ ရက်နေ့က
ပြုလုပ်ခဲ့တဲ့ အစုလိုက် ၀က်သက် ရောဂါ ကာကွယ် ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲက သိရပါတယ်။ ဒီလို အစုလိုက် ၀က်သက် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ဟာလည်း လာမယ့် ၂၀၁၅ ခုနှစ်မှာ ၀က်သက် ကင်းစင်ဖို့ အတွက် စီမံကိန်းရဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ အဲ့ဒီ အတွက် အခု ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ ပြည်သူ့ ကျန်းမာရေး လှုပ်ရှားမှု တစ်ခုအဖြစ် ကျန်းမာရေး ၀န်ကြီး ဌာနက တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အစုလိုက် ၀က်သက် ရောဂါ ကာကွယ် ဆေးထိုးမှု တွေကို နိုင်ငံ တစ်ဝှမ်းလုံးမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲ့ဒီ ဆောင်ရွက်မှုဟာ နိုင်ငံ တစ်ဝှမ်း မှာရှိတဲ့ အသက် ၉ လကနေ ၅ နှစ်အထိ ကလေး ငါးသိန်း ခြောက်သောင်း ကျော်ကို ကာကွယ် ဆေးထိုးမှုတွေ ဆောင်ရွက်မှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ၀က်သက် ရောဂါ ဖြစ်ပွားမှု နှုန်းတွေကို ပြန်လည် နှိုင်းယှဉ်တဲ့ အခါ ခုခံအား နည်းပါးတဲ့ ကလေးတွေနဲ့ ငွေကြေး ချို့တဲ့တဲ့ မိသားစုက ကလေးတွေမှာ ပိုမိုဖြစ်ပွား တတ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၀က်သက် ရောဂါဟာ ၀က်သက် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပြီး ကူးစက်မြန်တဲ့ ရောဂါ တစ်ခု ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



Unknown at 12:57 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.