Friday, March 23, 2012

ပြင်သစ်နိုင်ငံရှိ အင်ဒိုနီးရှားသံရုံး အပြင်ဘက်၌ ပါဆယ်ဗုံး ပေါက်ကွဲခဲ့




ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ အင်ဒိုနီးရှားသံရုံး အပြင်ဘက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်အစော ပိုင်းက ပါဆယ်ဗုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးပေါက် ကွဲ မှုကြောင့် အဆောက်အဦရဲ့ ပတ်ပတ် လည်မှာ ပျက်စီး ခဲ့ပေမယ့်လည်း လူအသေ အပျောက် မရှိခဲ့ဘူးလို့ တာဝန် ရှိ ရဲဝန်ထမ်း တစ်ဦးက ပြောကြား ခဲ့ပါ တယ်။ အဲ့ဒီဗုံးဟာ အာရုဏ် မတက်မီ ဒေသစံတော် ချိန် နံနက် ၅နာရီ ၄၅မိနစ် အချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အဲ့ဒီနေရာရဲ့ ၅၀မီတာ အကွာမှာရှိ တဲ့ ပြတင်းပေါက် မှန်တွေ ကွဲအက်ခဲ့ရသလို ကားနှစ်စင်းကိုပါ မီးကူးစက် လောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောကြားခြင်း မရှိသေးပါဘူး။ တာဝန်ရှိရဲတွေနဲ့ မီးသတ် သမားတွေက အခင်းဖြစ် ပွားရာ နေရာကို ရှင်းလင်းဖယ်ရှားပြီး ပြည်သူတွေဝင်ထွက် သွားလာခြင်း မရှိအောင် တားမြစ်ထားပါတယ်။ ဒါ့အပြင် ဗုံးရှင်းလင်းရေး အဖွဲ့ကလည်း ကျန်ရှိနေတဲ့ ဗုံးအပိုင်း အစတွေကို ရှင်းလင်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
Unknown at 7:13 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.