Friday, March 23, 2012
၂ သိန်းတန် ဖုန်း ၀န်ထမ်းတွေကို အကြပ်ကိုင်ရောင်းချနေ
မတ်လ ၂၃ ရက်နေ့ ၂၀၁၂
အခုနေပြည်တော်မှာ ကျပ် ၂ သိန်းတန်ဖုန်းတွေချပေးနေပါပြီ။ ဦးစီးဌာနတွေအနေနဲ့ ဝန်ထမ်းအရေအတွက်ရှိသလောက် အဲဒီ၂ သိန်းတန်ဖုံးကို ဝယ်ယူရမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ မြန်မာ့ဆက်သွယ်ရေးကအတင်းအကြပ်
လုပ်နေပါတယ်။
ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ဌာနက ဝန်ထမ်းတွေဆီကငွေကောက်ပြီး ဖုန်းဖိုး
သွားသွင်းတဲ့အခါ လူ ၈၀ လောက်ပဲဖုန်းယူတယ်ဆိုရင် မရဘူး လူ ၁၀၀ စာ
စလုံးယူရမယ်။ ခင်ဗျားတို့ဌာနက လူစာရင်းကို သမ္မတရုံးကိုပို့ထားတယ်။
 လူ ၁၀၀ စာမပြည့်ရင် မရဘူးအရေးယူခံရမယ်စသည်ဖြင့်ပြောပါတယ်။
 အဲဒါကြောင့်ဦးစီးဌာနတွေအနေနဲ့ မိမိတို့ဌာနရန်ပုံငွေထဲကငွေစိုက်ပြီး ဆက်သွယ်ရေးကဖုန်းကိုဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေဆီက
 လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက်နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။
 တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ချေဝန်ထမ်းတွေအတွက်
တယ်လီဖုန်းတစ်လုံး ၂ သိန်းဆိုတာများနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့
အရာရှိတွေကလည်း ဖုန်းမယူချင်ကြပါဘူး။  အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်
လင့်နေပါတယ်။
အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက်အမြတ်နဲ့ရောင်းရတုန်းက ဝန်ထမ်းအငယ်တွေကို လှည့်တောင်မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်းတွေကို အတင်းယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ပေါင်းပြီးလုပ်တယ်ဆိုတာထင်ရှားပါတယ်။
မခံမရပ်နိုင်လွန်းလို့ရေးလိုက်တာပါ အများသိအောင်ကြေငြာပေးပါပါ။ အဲဒီတော့မှ သူတို့မတရားလုပ်နေတာတွေရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့
ဝန်ထမ်းတွေဆီကပိုက်ဆံကိုညစ်ပတ်ယူနေဦးမှာ။
စာဖတ်သူဖတ်လို့ကောင်းအောင်ကြိုက်သလိုစာကို ပြင်ဆင်ပြီးတင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်းလို့စာရေးလိုက်တာပါ။ လူဖတ်လို့ကောင်အောင်စာမရေးတတ်ပါဘူး။
နေပြည်တော်မှဝန်ထမ်းတဦး
Myanmar News Now မှ ပေးစာကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။
Unknown at 8:02 AM
Share
1 comment:
  1. ကိုကိုMarch 24, 2012 at 1:55 PM
    ReplyDelete
    Replies
      Reply
Add comment
Load more...
Thank you Visit my bloge
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.