Saturday, March 10, 2012

ဘားအံမြို့နယ်၊ မြိုင်ကလေး ဘိလက်မြေစက်ရုံမှ စက်ရုံမှူး ဒုတိဗိုလ်မှူးကြီး သန်းစိန်ထွန်းနှင့် ဖြန့်ဖြူးရေးဌာနဋ္ဌာနမှူး ဦးစံသိန်းတို့ရဲ့ မတရားမှုများအကြောင်း (တိုင်ကြားစာ)



သို့

ကျွန်တော်ကတော့ ဘားအံမြို့နယ်၊ မြိုင်ကလေး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ ဘိလပ်မြေစက်ရုံ ၊ တန်(၉၀၀)မှ အရာရှိတစ်ယောက်ဖြစ်ပါတယ်။

ဘိလပ်မြေစက်ရုံ၊တန်(၉၀၀)မှ စက်ရုံမှူး ဒုတိဗိုလ်မှူးကြီး သန်းစိန်ထွန်း လုပ်စားနေပုံတွေကို အထက်လူကြီး များသိအောင် တင်ပြပြောပြခြင်းဖြစ်ပါတယ်။ စက်ရုံမှူးမှာ စက်ရုံအတွက်လိုအပ်တဲ့ တန်ဘိုးကြီး ပစ္စည်းများကို သုံးလို့ရနေသေးသော်လည်း ၀ယ်ယူရန်အကြောင်း အမျိုးမျိုးပြပြီး တင်ပြနေပါတယ်...။ တချို့(၁)ခုပျက်တာကို၊ (၂)ခုပျက်ဆိုပြီး အထက်ကိုတင်ပြပြီး အထက်မှ ၀ယ်ယူခွင့်ပြုလိုက်လျှင် လိုသလောက် မ၀ယ်ဘဲ၊ တစ်ဝက်လောက်ပဲဝယ်ပြီး ပိုတာတွေကို သူ့အိတ်ထဲထည့်ပါတယ်။

ဘိလပ်မြေထုတ်လုပ်ရာတွင် အရေးပါသော ထုံးကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းမှာ လုပ်ကွက်အသစ်ဖော်ရန် ဆိုပြီး အလုပ်မလုပ်ဘဲ စက်ယန္တရားများအတွက် ကုန်ကျမည့်ဆီများ (၁)လကို ဂါလံ (၁၅၀၀)မှ(၂၀၀၀)လောက်ပြပြီး ရောင်းစားနေပါတယ်။ စက်ရုံ တန်(၉၀၀) မီးသင်းဖိုဌာနမှဘိလပ်မြေထုတ်လုပ်ရာတွင် အဓိကကျတဲ့ မီးသင်းကျောက်များမှာ အမှန်တကယ် တန်(၁၀၀၀)၀န်းကျင် လောက်ထွက်ပါတယ်။ဒါပေမယ့် အထက်ကို ပြရင်တော့ တန်(၉၀၀)နှင့်အောက်ပဲပြတာ များပါတယ်။ ပိုတဲ့မီးသင်းကျောက်တွေကို ဘိလပ်မြေအဖြစ် ကြိတ်ပြီး ပိုတဲ့ဘိလပ်မြေ တွေကို ဘိလပ်မြေဖြန့်ဖြူးရေးဌာနမှ ဌာနမှူး ဦးစံသိန်းနဲ့ ညှိနှိုင်းပြီးတစ်နေ့ကိုဘိလပ်မြေ တန်(၃၀)လောက် ရောင်းစားနေပါတယ်။ ယခုလည်း စက်ရုံမှာ အထက်မှမသိတဲ့ မီးသင်းကျောက်နဲ့ ဘိလပ်မြေအပို တွေအများကြီးရှိနေပါတယ်။

ဖြန့်ဖြူးရေးဌာနမှ ဦးစံသိန်းမှာ ယခင်က မြိုင်ကလေးဈေးထဲမှာ ငါးပိရောင်းစားနေရပြီး ယခုဆိုလျှင် မြိုင်ကလေးမှာ တိုက်(၃)လုံးပိုင်၊ ကားများပါပိုင်ပြီး အာဏာအရှိဆုံး ဖြစ်နေပါတယ်။ စက်ရုံအလယ်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများကိုလည်း ကောင်းကောင်း စာသင်ရင်သင် မသင်ရင် ဘယ်သူမှ မသိလိုက်ဘဲ အလုပ်ပြုတ်အောင် ငါလုပ်ပစ်နိုင်တယ်လို့လည်း ချိန်းခြောက် နေတာတွေကိုလည်း အထက်မှ သိစေချင်ပါတယ်။

ဖြန့်ဖြူးရေးဌာနမှ ဦးစံသိန်းကို ၀န်ထမ်းများအားလုံးက စက်ရုံမှူးထက် ဦးစံသိန်းကို ပိုကြောက်ရပါတယ်။ ဘာလို့လဲဆိုတော့ စက်ရုံမှူးက ဦးစံသိန်းကပြောလျှင် အကုန်လိုက်လုပ်လို့ဖြစ်ပါတယ်။ စက်ရုံမှူးမှာလည်း ၀န်ထမ်းများအား မကြားဝံ့ မနာသာအောင် ဆဲတတ်တဲ့ အုပ်ချုပ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ၀န်ထမ်းများကို အရင်းရှင်ဆန်ဆန် အုပ်ချုပ်နေကြပါတယ်။

ဒါ့ကြောင့် ၄င်းတို့နှစ်ဦး အာဏာသုံး၍ လုပ်စားနေကြတာတွေကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိ လူကြီးများသိစေရန် တင်ပြလိုက် ရပါတယ်ခင်ဗျား။

မြိုင်ကလေး ဘိလပ်မြေစက်ရုံ ဝန်ထမ်းများ....
 
 
 
ဒီမိုဝေယံ 
 
 
 

Unknown at 9:16 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.