Saturday, March 10, 2012

ပုဂ္ဂလိက ကြိုးဖုန်း ပြည်ပခေါ်နှုန်းထား လျှော့ ချ

ကြိုးဖုန်းများ ပြည်ပ ဖုန်းခေါ်ခနှုန်းထားကို စတင် လျှော့ချပေးလိုက် ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
''မတ်လ၁ရက်နေ့ကစပြီး လျှော့ချ ပေးလိုက်တာပါ။ လျှော့ချ ပေးတဲ့ အပိုင်းမှာ ခေါ်ဆိုတဲ့ နိုင်ငံ အလိုက် နှုန်းထားတွေ ချထားပေး ပါတယ်။ ဘယ်နိုင်ငံ ဖုန်းခေါ်ခေါ် အရင်နှုန်းထား ထက် လျှော့ချ ထား ပါတယ်''ဟု ၄င်းက ပြောသည်။
ယင်းသို့ ပြည်ပ ဖုန်းခေါ်ခများ လျှော့ချပေးရာတွင် ပုဂ္ဂလိက ဖုန်း ခေါ်ဆိုနှုန်းထား သာ လျှော့ချပေးခဲ့ ပြီး အစိုးရ ဌာနများမှ ဖုန်းခေါ်ဆိုခ နှုန်းထားများကို လျှော့ချခဲ့ခြင်း မရှိ ဘဲ ယခင် ကောက်ခံသည့် နှုန်းထား ထက်ပင် တိုးမြှင့်လိုက်သည်ဟု ၄င်း ကပြောသည်။ အာဆီယံနိုင်ငံ များသို့ ခေါ်ဆိုခ နှုန်းထားမှာ ယခင် တစ်မိနစ် လျှင် ၁ ဒသမ ၄ ဒေါ်လာအား ယခု ၁ ဒသမ ၂ ဒေါ်လာ သို့လည်း ကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၈ ဒေါ်လာ အား ယခု ဝ ဒသမ ၁၂ ဒေါ်လာသို့ လည်းကောင်း၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်း ရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ယခင် တစ်မိနစ်လျှင် ၂ ဒသမ ၂၅ ဒေါ်လာ အား ယခု ၁ ဒသမ ၄ ဒေါ်လာ သို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၉ ဒေါ်လာ အား ဝ ဒသမ ၁၄ ဒေါ်လာ သို့ လည်းကောင်း၊ အာရှတိုက် အလယ်ပိုင်း ခေါ်ဆိုခမှာ တစ်မိနစ် ၂ ဒသမ ၉ ဒေါ်လာ အား ၁ ဒသမ ၈ ဒေါ်လာသို့ လည်းကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ၂၉ ဒေါ်လာမှ ဝ ဒသမ ၁၈ ဒေါ်လာ သို့လည်းကောင်း၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိ က ခေါ်ဆိုခနှုန်းမှာ တစ်မိနစ်လျှင် ၄ ဒသမ ၅ ဒေါ်လာအား ၂ ဒသမ ၄ ဒေါ်လာသို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၄၅ ဒေါ်လာ အား ဝ ဒသမ ၂၄ ဒေါ်လာ သို့လည်းကောင်း လျှော့ချ ပေးခဲ့ပြီး ဂြိုဟ်တု ဆက်ကြောင်းမှ တစ်ဆင့် ဖုန်းခေါ်ဆို ခ နှုန်းများမှာမူ ယခင် နှုန်းအတိုင်း လျှော့ချခဲ့ခြင်း မရှိ ကြောင်း ဆက်သွယ်ရေးမှ သိရသည်။


ပေါ်ပြူလာဂျာနယ်
Unknown at 9:14 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.