Sunday, March 11, 2012

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုံးဝအနားယူသွားပြီဟု သမ္မတ၏ နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ပြောကြား



နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂိ္ဂုလ် ဦးကို ကိုလှိုင်အား ထိုင်နိုင်ငံအခြေစိုက် နေရှင်း သတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်း ယွန်းက သီးခြားတွေ့ဆုံမေးမြန်းခန်းတစ် ရပ်တွင် နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂိ္ဂုလ်က လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။ ထိုသို့ပြောကြားရာ တွင် ဦးကိုကိုလှိုင်က မြန်မာနိုင်ငံ၏ လက် ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများသည် နောက်ပြန်လှည့်မည့် ပြောင်းလဲမှုမဟုတ် ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက်ရှိနေပါကြောင်း၊ ယခုအခါမြန်မာ ပြည်သူများအနေဖြင့် ဒီမိုကရေစီအခွင့် အလမ်းများကို ထိတွေ့ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဖြစ်ပေါ် ပြောင်းလဲမှုအစဉ်သည် နိုင်ငံတကာက လိုလားတောင့်တနေသော လမ်းကြောင်း ပေါ်ဦးတည်လျှောက်လှမ်းနေပါကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ငြိမ်း)နှင့်ပတ်သက်၍နေရှင်းအယ်ဒီ တာချုပ်၏မေးမြန်းမှုကို ဦးကိုကိုလှိုင်က ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် စစ်သည်တော်တစ်ဦးဖြစ်သည် ကို အယ်ဒီတာချုပ်အနေဖြင့် ကောင်းစွာ သိပြီးဖြစ်ပါကြောင်း၊ဗိုလ်ချုပ်မှူးကြီးသည် စစ်သည်တော်တစ်ဦးဖြစ်သည့်အားလျော် စွာ ၎င်း၏တာဝန်ဝတ္တရားများကို ပြီး မြောက်အောင်မြင်စွာ ထမ်းဆောင်သွား ခဲ့ပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသည် တိန့် ရှောက်ဖိန်မဟုတ်သလို၊ လီကွမ်းယူလည်း မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ဟောင်း တိန်ကျောက်ဖိန်၊ စင်ကာပူ ၀ါရင့်ဝန် ကြီးချုပ်ဟောင်း လီကွမ်းယူတို့ သည် ၎င်းင်းတို့၏ ရာထူးဌာနန္တရများက အငြိမ်းစားယူခဲ့ကြသော်လည်း နိုင်ငံ့ဥ သျှောင် နိုင်ငံ၏ထိပ်တန်းနိုင်ငံရေးခေါင်း ဆောင်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြ ပါကြောင်း၊ သို့သော်ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် နိုင်ငံရေးလောကကလုံးဝအငြိမ်း စားယူသွားပြီး (Totally resign from politics) ဟုပြောကြားသွားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပြောကြားရာတွင် ဦးကိုကိုလှိုင်က ဒေါ် အောင်ဆန်းစုကြည်သည်နေအိမ်အကျယ် ချုပ်ဖြင့် နှစ်ရှည်လများနေခဲ့ရကြောင်း၊ သူ့ဘ၀ဟာ အထီးကျန်ဆန်ခဲ့ကြောင်း၊ အခုသူလွှတ်လာတာ ဘာမှမကြာသေး ပါကြောင်း၊ သို့သော်သူ့အနေဖြင့် အခု အခါမှာတိုင်းပြည်၏ လက်ရှိဖြစ်ပေါ်နေ သော အခြေအနေများကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှုအားနည်းခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုခန့်ကြာညောင်းခဲ့ပါကြောင်း၊ ယခု ပြည်သူ့လွှတ်တော်တွင်လည်းတပ်မတော် က ချယ်လှယ်စိုးမိုးရန် ရည်ရွယ်ချက်မရှိ ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော် က တစ်စိတ်တစ်ပိုင်းပါဝင်နိုင်ရန်အတွက် အမတ် ၂၅ ရာခိုင်နှုန်းမျှသာ နေရာယူ ထားကြောင်း အင်ဒိုနီးရှားနိုင်ငံတွင်မူ တပ်မတော်က ၄၀ ရာခိုင်နှုန်းအထိနေ ရာရယူထားသည်ကို တွေ့ရှရမည်ဖြစ် ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည် ဟု ဖေဖော်ဝါရီ ၂၉ ရက်နေ့ထုတ်နေရှင်း သတင်းစာတွင် ”Reform in Burma is Irreversible, Says president Thein Sein’s Aide”ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားသည်ကို ထုတ်နှုတ်တင်ပြ လိုက်ရသည်။
Unknown at 2:06 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.