အီလက်ထရောနစ် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Hewlett-Packark HP ကုမ္ပဏီဟာ Apple ကုမ္ပဏီထုတ် iPad တက်ဘလက် ကွန်ပျူတာတွေထက် သာလွန်ပြီး အပျော်တမ်း အသုံးချရုံထက် လုပ်ငန်းခွင်မှာပါ အသုံးတည့်စေမယ့် တက်ဘလက် ကွန်ပျူတာတွေကို အခုနှစ် အတွင်း ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။
အဲ့ဒီ တက်ဘလက် ကွန်ပျူတာဟာ မိုက်ခရိုဆော့ဖ် ၀င်းဒိုး အိတ် ဆော့ဖ်ဝဲလ် အခြေပြု ဖြစ်ပြီး လုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်အောင် အဓိက ရည်ရွယ်ထားကြောင်း စီးပွားရေး လုပ်ငန်းများ အတွက် အထောက်အကူ ဖြစ်စေမယ့် ၀န်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း HP ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Meg Whitman က ပြောကြား ခဲ့ပါတယ်။ အဲ့ဒီလို လုံခြုံရေး ၊ ကုန်ထုတ်နိုင်မှု နှုန်းထားနဲ့ စီးပွားရေး လုပ်ငန်း သုံး ကွန်ယက်တို့ အတွက် သင့်တော်မှုရှိတဲ့ လုပ်ငန်းသုံး တက်ဘလက် ကွန်ပျူတာကို လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ထုတ်လုပ် ရောင်းချ သွားမယ်လို့ သိရပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge