Tuesday, February 28, 2012

DVB မှ "ရတနာပုံတယ်လီပို့က ဝန်ထမ်းများ စာပို့ကန့်ကွက်" ပို့စ်အား ပြင်ပေးစေလိုသော အချက်များ

DVB မှ "ရတနာပုံတယ်လီပို့က ဝန်ထမ်းများ စာပို့ကန့်ကွက်" ပို့စ်အား
 ပြင်ပေးစေလိုသော အချက်များ
 
ယခု သတင်းနှင့် ပတ်သက်၍ ဒီဗွီဘီ သတင်းဌာနအား မှားယွင်းချက်များကို  အောက်ပါ အချက်များအတိုင်း  အသိပေး အကြောင်းကြားပြီး ဖြစ်ပါတယ်။ သစ်ထူးလွင်ဆိုက်ထ်တွင်လည်း ယခုကဲ့သို့ ပြင်ပေးစေလိုပါကြောင်း လေးစားစွာဖြင့် တောင်းခံအပ်ပါတယ်။ယခုကဲ့သို့ ရတနာပုံ တယ်လီပို့ Web Portal ဝန်ထမ်းများ အတွက် ကြိုးပန်း လုပ်ဆောင်ပေးပါသော သစ်ထူးလွင် ဆိုက်ထ် အား ကျေးဇူး အထူးတင်ရှိပါတယ်။ ယခု ပေးပို့သော သတင်းများမှာ မှန်ကန်ပါကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။ သစ်ထူးလွင်ဆိုက်ထ်ဟာ ပြည်သူအများရဲ့ အာရုံစူးစိုက်မှု အများဆုံးရရှိထားသော ဆိုက်ထ် တစ်ခု ဖြစ်သောကြောင့် သတင်းများကို မှန်ကန်တိကျစွာ ဖြစ်ရန်ရည်ရွယ်၍ ပေးပို့လိုက်ပါသည်။ ယုံကြည်လေးစားစွာဖြင့်.....

ရတနာပုံ တယ်လီပို့ Web Portal မှ ဝန်ထမ်းတစ်ဦး

ပြင်ပေးစေလိုပါသည်။
(၁) ခေါင်းစီး  -  "ရတနာပုံတယ်လီပို့က ဝန်ထမ်းများ စာပို့ကန့်ကွက်"  (နေရာတွင်)  "ရတနာပုံ တယ်လီပို့ Web Portal ဌာန ဝန်ထမ်းများ စာပို့ကန့်ကွက်" ဟု ပြင်ပေးစေလိုပါသည်။
(၂) ပထမပိုဒ်   -  ရတနာပုံ တယ်လီပို့က Development and Maintenance ဝန်ထမ်းတွေ (နေရာတွင်) ရတနာပုံ တယ်လီပို့ Web Portal  ဌာန ဝန်ထမ်းတွေ ဟု ပြင်ပေးစေလိုပါသည်။
(၃) ဒုတိယပိုဒ်  -  ရတနာပုံ တယ်လီပို့ ဝက်ဆိုက် Development and Maintenance ဌာနက ဝန်ထမ်း ..... (နေရာတွင်) ရတနာပုံ တယ်လီပို့ Web Portal ဌာနက ဝန်ထမ်း..... ဟု ပြင်စေလိုပါသည်။
(၄)  ပဉ္စမပိုဒ်-  " ဒါပေမယ့် အခုဒီကနေ သွားတဲ့လူတွေအားလုံး ဒီဇိုင်နာတွေပါ။ "  (နေရာတွင်) "ဒါပေမယ့် အခုဒီကနေ သွားတဲ့လူတွေအားလုံးက Web Programmer ၊ Web Designer နဲ့ Web Moderator တွေပါ။ " ဟု
ပြင်ပေးစေလိုပါသည်။
(၅) ပဉ္စမပိုဒ်  -  " အဲဒီ ၁၃ ယောက်စာ အတွက်လည်း ပြန်စဉ်းစားပေးပါ။" (နေရာတွင်) " အဲဒီ ၁၇ ယောက်စာ အတွက်လည်း ပြန်စဉ်းစားပေးပါ။"  ဟု ပြင်ပေးစေလိုပါသည်။
(၆)  ပဉ္စမပိုဒ်  - " ပြီးတော့ ဒီလူကြီးကို ဌာနမှူးအဖြစ် လုံးဝလက်မခံနိုင်ပါဘူး။" (နေရာတွင်) " ပြီးတော့ ဒီလူကြီးကို ဌာနကြီးမှူးအဖြစ် လုံးဝလက်မခံနိုင်ပါဘူး။" ဟု ပြင်ပေးစေလိုပါသည်။
(၇)  ဆဌ္ဒမ အပိုဒ် - "အဲဒီ ကန့်ကွက်စာကို ရတနာပုံတယ်လီပို့ ကုမ္ပဏီစီမံခန့်ခွဲမှု အင်ဂျင်နီယာဌာနက" (နေရာတွင်) "အဲဒီ ကန့်ကွက်စာကို ရတနာပုံတယ်လီပို့ Web Portal ဌာနက" ဟု ပြင်ပေးစေလိုပါသည်။
(၈) သတ္တမ အပိုဒ်  -  " ရတနာပုံ တယ်လီပို့ဟာ အင်တာနက် တပ်ဆင်တဲ့ လုပ်ငန်းနဲ့ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တို့မှာ အင်တာနက်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။  " (နေရာတွင်) "ရတနာပုံ
တယ်လီပို့ဟာ www.yatanarpon.com.mm ဆိုက်ထ်တစ်ခု အပါအဝင်  အင်တာနက် ဆားဗစ်ပေးသောလုပ်ငန်း၊ ဆိုလာ စက်ရုံ လုပ်ငန်း နှင့် အခြား လုပ်ငန်းများစွာ လုပ်ကိုင်နေသော ကုမ္ပဏီလည်း ဖြစ်ပါတယ်။"  ဟု ပြင်ပေးစေလိုပါသည်။



Myanmar News Now မှ ဖော်ပြခဲ့သည့် ဒီဗွီဘီ သတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဒီဗွီဘီ မှ  ပြင်ပေးစေလိုသော အချက်များ ပြင်ပေးပြီးဖြစ်ပါသည်။http://www.thithtoolwin.com/2012/02/blog-post_297.html


ရတနာပုံတယ်လီပို့​ Web Portal ဌာနဝန်ထမ်း​များ​ စာပို့​ကန့်​ကွက်


ရတနာပုံ တယ်လီပို့​ Web Portal ဌာန ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့​ Web Portal ဌာန ၀န်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဗိုလ်မှူးမျိုးညွန့်အောင်ရဲ့ ရိုင်းပျဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ ကန့်ကွက်လိုက်တာလို့ ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ပြောပါတယ်။
“အဲဒါကတော့ ဌာနကို သူရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတယ်။ ဒီကလူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတဲ့အတွက် အဲဒါတွေကို မကျေနပ်ကြပါဘူး။ အဲဒီ့ လူကြီးကို မကျေနပ်ပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက် အရေးယူပေးရန်၊ နောက်တချက်က အခုသူခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က ပြန်စဉ်းစားပေးပါရန်၊ အခု စာချုပ်မှာ အကုန်ပါ ပါတယ်။ ကုမ္ပဏီက လိုအပ်ရင် လိုအပ်တဲ့နေရာမှာကို အားလုံးလွှတ်ရမယ်ဆိုတာ ပါပါတယ်။
အခုဒီက​နေ သွား​တဲ့​လူ​တွေအား​လုံး​က Web Programmer ၊​ Web Designer နဲ့​ Web Moderator ​တွေပါ။ အဲဒါတွေကို ဟိုဘက်မှာ ခဲအရည်ဖျော်ခိုင်းတယ်၊ နောက်တခုက ဘာမှပြန်မပြောနဲ့ ခိုင်းတာလုပ်ရမယ် ဆိုတဲ့ဟာတွေ အဲဒါတွေအားလုံးကို မကျေနပ်ပါဘူး။ အဲဒီ ၁၇ ​ယောက်စာအတွက်လည်း​ ပြန်စဉ်း​စား​ပေး​ပါ။ ပြီး​တော့​ ဒီလူကြီး​ကို
ဌာနကြီး​မှူး​အဖြစ် လုံး​ဝလက်မခံနိုင်ပါဘူး​။ အဲဒါကို တင်ပြထားတာပါ။”
အဲဒီ ကန့်​ကွက်စာကို ရတနာပုံတယ်လီပို့​ Web Portal ဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရုံးအထိ ကန့်ကွက်မယ်လို့ ကုမ္ပဏီက ၀န်ထမ်းက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ အစိုးရနဲ့ ပုဂ္ဂလိက အစုစပ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ ရတနာပုံ တယ်လီပို့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်းဝန်ကြီး ဦးသိန်းထွန်း ဖြစ်ပါတယ်။
ကန့်ကွက်တောင်းဆိုတာ မရရင်အားလုံးထွက်ဖို့ ပြင်ဆင်ထားတယ်လို့ ကိုယ်တိုင် လက်မှတ်ရေးထိုး ကန့်ကွက်စာပို့တဲ့ အထဲမှာ ပါဝင်သူက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ ရှယ်ယာတွေ ပါဝင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ရတနာပုံတယ်လီပို့​ဟာ www.yatanarpon.com.mm ဆိုက်တခု အပါအဝင် အင်တာနက်ဆား​ဗစ်​ပေး​သောလုပ်ငန်း​၊​ ဆိုလာ စက်ရုံ လုပ်ငန်း​ နဲ့ အခြား
လုပ်ငန်း​များ​စွာ လုပ်ကိုင်​နေ​တဲ့ ကုမ္ပဏီလည်း​ ဖြစ်ပါတယ်။
ဒီဗွီဘီ
သစ်ထူးလွင်
Unknown at 10:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.