Monday, February 20, 2012

သီးလေးသီးအဖွဲ့အား တားမြစ်ခြင်းကြောင့် ဂေါပက အဖွဲ့အား ကန်ထရိုက်မှ တရားစွဲ

သံလျှင်ကျိုက်ခေါက်ဘုရားပွဲ
နှစ်စဉ် ကျင်းပမြဲဖြစ်သည့် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးအဖွဲ့အား အငြိမ့်ဆက်မကရန် ဘုရားဂေါပကအဖွဲ့မှ တားမြစ်ခဲ့ခြင်းကြောင်း ပွဲကန်ထရိုက်က ဂေါပကအဖွဲ့အား တရားစွဲဆိုထားကြောင်း သိရသည်။
ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ကျင်းပသည့် သန်လျင် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီး အငြိမ့်အဖွဲ့အား ဖေဖော်ဝါရီ ၁ရက်နေ့မှ ၃ ရက်နေ့အထိ ကပြရန် ပွဲကန်ထရိုက်တာ ဦးမျိုးသိန်းမှ ငှားရမ်းခဲ့သည်။
“ရက်ကြေး သုံးရက်စာကို သိန်းလေးဆယ်ကျော် ပေးပြီးသွားပြီ။ ဇာတ်ပွဲတွေထုံးစံကလည်း နောက်ဆုံးနေ့မှ လူ စည်တာလေ။ဒါကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်ပဲ ကပြရသေးတယ်။ ဆက်မကရဘူးလို့ ဂေါပကက အမိန့်ထုတ်တော့ ကျွန် တော် နာတာပေါ့”ဟု ယင်းဇာတ်ပွဲကန်ထရိုက်မှ ဆိုသည်။
သက်ဆိုင်ရာ ဒေသအာဏပိုင်မဟုတ်ဘဲ တားမြစ်သဖြင့် ယင်းဖြစ်ရပ်အား တောင်ပိုင်းခရိုင်တရားရုံးသို့ တရားလိုအဖြစ် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
သီးလေးသီးအငြိမ့်မှ ဘုရားဖူးပရိတ်သတ်များကို ဖျော်ဖြေရာတွင် ဂေါပကအား ပျက်လုံးထုတ်သဖြင့် ယင်းသို့ ဆက်မကရန် တားမြစ်ရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားမှ ဂေါပကတစ်ဦးက ရန်ကုန်ခရော်နီကယ် သို့ ပြောကြားသော်လည်း မည်သို့သော အဓိပ္ပာယ်ရသည့် ပျက်လုံးမျိုးကြောင့် တားမြစ်ရသည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။
“သီးလေးသီးတွေက ပျက်တဲ့ပျက်လုံးတွေက အိပ်နေတဲ့  ဘုရားဂေါပကကို ကျော်ခွမသွားနဲ့။ ကျော်ခွသွားရင် ငရဲကြီးတယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့ဗိုက်ထဲမှာ ဘုရားဌာပနာတွေရှိလို့ဆိုတဲ့ ပျက်လုံးတွေပျက်တယ်ဗျ” ဟု သန်လျင်မြို့ခံ တစ်ဦးအား ရန်ကုန်ခရော်နီကယ်မှ ဆက်သွယ် မေးမြန်ရာတွင် ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကျိုက်ခေါက် ဘုရားဂေါပကအဖွဲ့မှ သန်လျင်မြို့ခံ လူမှုရေး အသင်းအဖွဲ့များအား ဖြေရှင်းရန် ပြင်ဆင် နေကြောင်း သိရသည်။
KS
Unknown at 9:42 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.