Tuesday, February 21, 2012

အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ မိခင် ဘာသာစကားနေ့ အခမ်းအနား ကို ရန်ကုန်မြို့ရှိ နိုင်ငံခြားဘာ သာ တက္ကသိုလ်၌ ဖေဖော်ဝါ ရီလ ၂၁ ရက်နေ့ နံနက်က ကျင်းပခဲ့သည်။ အဆိုပါပွဲကို နိုင်ငံတော် သမ္မတ ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်း ဆောင် ဦးကိုကိုလှိုင်၊ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံ အမတ်ကြီးအပါအဝင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရန်ကုန်နိုင် ငံခြားဘာသာ တက္ကသိုလ်မှဒေါက်တာ လွင်လွင်စိုးက အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ''မြန်မာဘာသာစကားဟာလည်း ထို ဘာသာစကား ကမ္ဘာကြီးထဲက ဘာသာစကားတစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာစကားဟာ ပုဂံခေတ် ဖြစ်တဲ့ ခရစ်နှစ် ၁၁ ရာစု နှစ်မှာ ကိုယ်ပိုင်စာ အရေးအသား စနစ် အခိုင်အမာ ရှိနေပြီးဖြစ်ပါတယ်။ မြန်မာအက္ခရာ ပေါ်ပြီးတဲ့ နောက်ရှေးမြန်မာတို့ဟာ မိမိတို့ရေး လိုတဲ့အကြောင်းအရာတွေကို အရာ ဝတ္ထုအမျိုးမျိုးပေါ်တွင် ရေးမှတ် အက္ခရာ တင်ခဲ့ကြပါတယ်။ ဒီလို အက္ခရာတင်ထားတဲ့ စာတွေကို အုတ်ခွက်စာ၊ စဥ့်ကွင်းစာ၊ ကျောက်စာ၊ မင်စာ၊ ပုရပိုက်စာ၊ ခေါင်းလောင်းစာ စသည်တို့မှာ တွေ့ကြရမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စာဆို ပညာရှိကြီးများရဲ့ မလျှော့သော လုံ့လ၊ စွဲမြဲသောဝီရိယနှင့် ပြုစုပျိုး ထောင်ခဲ့တဲ့ စာပေပင်မကြီးဟာ အသီးအပွင့်တို့နဲ့ ဝေဆာမြိုင် ဆိုင် တင့်တယ်လာရာမှ ကိုလိုနီ ခေတ်မှာ လူမျိုးခြားတို့ရဲ့ လွှမ်းမိုးမှုကြောင့် တစ်နေ့တခြား ရေနည်းငါးသဖွယ် မှေးမှိန်ညိုးနွမ်းပြီး အသက် ထွက် လုဆဲဆဲကဲ့သို့ ရှိနေခြင်း၊ ထုံးနည်း စည်းကမ်းနှင့် မညီသော နောက် ပေါ်စာများကြောင့် မြန်မာစာ ပျက်ယွင်းမည်ကို စိုးရိမ် ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၊ ဗုဒ္ဓဘာသာ မြန်မာအသင်းချုပ်၊ အမျိုးသားကျောင်းများ၊ မြန်မာ နိုင်ငံသုတေသနအသင်းကြီး တို့နဲ့အတူ သူရိယသတင်းစာ၊ ဂန္ထလောက စာစောင်များက မြန်မာစာပေကို ထိ ရောက်စွာ ကာကွယ်မြှင့်တင်ပေးခဲ့ ကြပါတယ်။ မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီးက မြန်မာသက္ကရာဇ် ၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့ကို 'စာဆိုတော်နေ့'အ ဖြစ် သတ်မှတ်ပေးခဲ့ပြီး မြန်မာစာ ပေ ပညာရှင်တို့ကို ချီးမြှောက်ခဲ့ပါ တယ်။ ဘာသာစကားနှင့် စာပေ မပျောက်ပျက်ရေးမှာ ထိုဘာသာစကား သုံးစွဲသော လူမျိုးတို့ရဲ့ တာဝန်ဖြစ် ပါတယ်။ မြန်မာဘာသာစကားနှင့် စာပေအတွက် မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ စာပေဟာ အမျိုး ဘာသာ ထုံးဓလေ့နဲ့ ယဉ်ကျေးမှု တွေကို သယ်ယူပို့ဆောင်ပေးတဲ့ ယာဉ်ဖြစ်တဲ့ အတွက် စာပေမြင့်မှ လူမျိုးမြင့်မှာဖြစ်တာကြောင့် မိမိ ဘာသာစကားနဲ့ စာပေတိုးတက်ခိုင် မြဲဖို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိ ပါတယ်''ဟု ပြောကြားခဲ့သည်။ ယင်းနောက် အဖွင့်မိန့်ခွန်းကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ UNESCO မှ ညွှန်ချုပ်ပေးပို့သော သဝဏ်လွှာကို့ UNESCO မှ ပရို ဂရမ်မန်နေဂျာ 'ဆာဒါအူမန်အာလမ်' က ဖတ်ကြားပေးခဲ့သည်။
 
Popular Myanmar News Journal
Unknown at 4:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.