![]() |
နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။
ထိုအတိုးနှုန်းအတိုင်း သတ်မှတ်ထားပါက ထိုက်သင့်သော အခွန်နှုတ်လျှင်ပင် တစ်လကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးလုံလောက်အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။
လစာတိုးမြှင့်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့တင်ပြလာသည့် စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
ယင်းစီမံကိန်းများအတွက် ဥပမာပေးရာတွင် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို ဥပမာပေး ပြောကြားသွားသည်။
ဆက်လက်စိစစ်ပါက အခြားစီမံကိန်းများလည်းရှိနိုင်သည်ဟု သ၀ဏ်လွှာတွင် ပါဝင်သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge