Tuesday, February 21, 2012

ရေလှောင်ကန်တည်ဆောက်မှုလုပ်ငန်းများ ရေသူမများကြောင့် နှောင့်နှေးကြံ့ကြာ


ဇင်ဘာဘွေနိုင်ငံရှိ အစိုးရ ၀န်ကြီးတစ်ဦးကအလုပ်သမားများ သည် ရေသူမများ၏နှောက်ယှက် မှုကိုကြောက်လန့် နေကြသဖြင့် ရေလှောင်ကန်အသစ် တည် ဆောက်ရေး လုပ်ငန်းများအား ရပ်ဆိုင်း ထားရကြောင်း ပြော ကြားလိုက်သည်။
ဂိုကွီနှင့် မူတာရီမြို့များ အနီးရှိ ရေလှောင်ကန်အသစ် တည်ဆောက်ရေးလုပ်ငန်းနေရာ များသို့ ကြောက်လန့်နေသော အလုပ်သမားများက ပြန်လည် သွားရောက်ရန် ငြင်းဆန်လျှက်ရှိ ကြောင်း ရေအရင်းအမြစ် ၀န်ကြီး ဌာန၀န်ကြီးစီပီပါခိုမိုကလွှတ်တော် ကော်မတီသို့ ပြောကြားလိုက် ခြင်းဖြစ်သည်။
ပြဿနာကို ဖြေရှင်းရန်တစ် ခုတည်းသော နည်းလမ်းမှာ ရိုးရာဘီယာများ ချက်လုပ်၍ ၀ိဉာဉ်များအား ကျေနပ်နှစ်သိမ့် စေရန် ပြုလုပ်ပေးခြင်းပင်ဖြစ် ကြောင်း၊ မည်သည့်အရာရှိကိုမျှ ထိုနေရာများသို့စေလွှတ်၍မရတော့ ကြောင်း၊အခြားသောရေလှောင်ကန် များတွင်လည်း ရေသူမများရှိနေ ကြောင်း ၀န်ကြီးက ဇင်ဘာဘွေ အစိုးရအသိအမှတ်ပြု “ဟယ်ရယ်“ သတင်းစာသို့ပြောကြားလိုက်သည်။
ဇင်ဘာဘွေနိုင်ငံတွင်သက် တမ်း ရှည်ကြာလှပြီဖြစ်သော ရေလှောင်ကန်ကြီးများသည် ဇင် ဘာဘွေလူထုနှင့် စိုက်ပျိုးထုတ် ကုန်တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် အရေးပါလှသည်။
ရေသူမများနှင့် အခြား ထူးခြားဆန်းကြယ်သော သတ္တ၀ါ များအားယုံကြည်မှုသည် ဇင်ဘာ ဘွေ တစ်နိုင်ငံလုံးပျံ့နှံ့ လျှက်ရှိပြီး လူအများသည် ခရစ်ယန်အယူ ၀ါဒနှင့် ရိုးရာဓလေ့ ယုံကြည်မှု တို့ကို တွဲဘက်ယုံကြည်လျှက်ရှိ ကြသော နိုင်ငံလည်းဖြစ်သည်။
Unknown at 9:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.