Tuesday, February 21, 2012

နောက်ပြန် မလှည့်ရင် ၀င်ငွေတိုးမယ်

Jean-Pierre Verbiest
မြန်မာနိုင်ငံ နောက်ကြောင်း ပြန်မလှည့်ရင် အမျိုးသားဝင်ငွေ အနည်းဆုံးနှစ်ဆ တိုးလာနိုင်တယ်လို့ ထိုင်း လေ့လာသူတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ "ထိုင်း နဲ့အိန္ဒိယအတွက် မြန်မာနိုင်ငံတွင်း အခွင့်အလမ်းသစ်များ” ဆိုတဲ့ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဆိုင်ရာ အာရှ ဖွံ့ဖြိုးရေးဘဏ် ညွှန်ကြားရေးမှူးဟောင်း Jean-Pierre Verbiest က မြန်မာဟာ နောက်ကြောင်း ပြန်မလှည့် နိုင်အောင် ခရီးအတော် ပေါက်ခဲ့ပါပြီ။ မြန်မာရဲ့အမျိုးသား အသားတင် ထုတ်လုပ်မှု တန်ဖိုးဟာ အဆိုးဆုံး အခြေအနေမှာ ဆိုရင်တောင် တစ်နှစ်ကို (၅) ရာနှုန်း လောက် တိုးတက်မှု ရှိမှာဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုရင် တိုးတက်နှုန်းဟာ နှစ်စဉ် (၈) ရာနှုန်းကနေ (၁၀) ရာနှုန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲရေးမူတွေနဲ့ဆက်သွားမယ်ဆိုရင် လာမယ့် ၂၀၃၀ ခုနှစ်လောက်ကျရင် မြန်မာ့ အမျိုးသား အသားတင်ဝင်ငွေဟာ ဒေါ်လာ သုံးထောင့်ငါးရာလောက် ရှိလာမှာဖြစ်ပြီး၊ စီးပွားရေးတခုလုံးရဲ့ တန်ဖိုးက ဒေါ်လာ ဘီလျံ (၂၅၀) လောက် ရှိလာမယ်လို့ ဆိုပါတယ်။ ဒါဟာ အဲဒီအချိန်မှာရှိမယ့် ထိုင်းနိုင်ငံ အမျိုးသားဝင်ငွေရဲ့ လေးပုံတစ်ပုံလောက် ရှိလာမှာဖြစ်ပါတယ်။ ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီ ဒုတိယခေါင်းဆောင်၊ စီးပွာေးရးဝန်ကြီးဟောင်း Mr. Korn Chatikavanij ကတော့ မြန်မာနိုင်ငံပြောင်းလဲတိုးတက်လာတာဟာ ထိုင်းအတွက် ခြိမ်းခြောက်မှု မဟုတ်ဘဲ၊ အခွင့်အလမ်း တစ်ရပ် သာဖြစ်ပါတယ်၊ ပြင်သစ်ကို နှစ်စဉ် ခရီးသည် (၇၅ ) သန်း လာတာဟာ ပြင်သစ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ချမ်းသာတာလည်း ပါဝင်ပါတယ်။ အခုလည်း မြန်မာတိုးတက်လာတာနဲ့အမျှ ထိုင်း ကိုလည်း ခရီးသည်တွေ ပိုပြီးလာရောက်ကြမှာ ဖြစ်ပါတယ်၊ ဒါ့ပြင် မြန်မာဆီက လောင်စာစွမ်းအင်လည်း ပိုပြီးရဦးမှာပါလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအတွက် ကျော်လွှားရမယ့် စိန်ခေါ်ချက်တွေကလည်း အများအပြား ရှိနေတယ်လို့ ဆွေးနွေးပွဲလာ လေ့လာသူတွေက ဆိုပါတယ်။ အစိုးရ ၀င်ငွေ ထွက်ငွေမမျှတာ၊ ထိန်းချုပ်လွန်းတဲ့ အတိုးနှုန်းတွေ၊ လူထု စုဆောင်းငွေ နည်းပါးလွန်းတာ၊ အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းတာ၊ ဘဏ် နဲ့ငွေကြေးစနစ် ခေတ်နောက်ကျ နေတာတွေကို ပြုပြင်ရဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ သဘာဝ သယံဇာတအပေါ် အားပြုလွန်းတာကလည်း ရှေ့ရေးအတွက် မကောင်းသလို၊ ပညာရေးအပေါ် ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့တာရဲ့ အကျိုးဆက်အဖြစ် ကျွမ်းကျင်လုပ်သားရှားပါးမှု ကလည်း တိုးတက်မှုကို တုန့်နှေးစေမှာဖြစ်ကြောင်း ပြောဆိုခဲ့ကြကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။
RFA
Unknown at 9:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.