Friday, February 10, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ၁၉ ခု ဝင်ရောက်ယှဉ်ပြိုင်မည်

တီ ၁၁ ခုမှာ မူလရှိရင်းစွဲ ပါတီများဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီသစ်ရှစ်ခုကလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ၁၉ ခု ဝင်ရောက်ယှဉ်ပြိုင်မည်
ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၉ ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားသည်။ ဦတင်အေးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာကင်တားနား ဖေဖော်ဝါရီ ၂ ရက်က တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါတီ ၁၉ ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ပါတီ ၁၁ ခုမှာ မူလရှိရင်းစွဲ ပါတီများဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီသစ်ရှစ်ခုကလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ NLD မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် နိုင်ခဲ့သောပါတီဖြစ်သည်။ ပြည်ခိုင်ဖြိုးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း မဲဆန္ဒနယ် ၂၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ တတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်သော ပါတီဖြစ်သည်။ မစ္စတာကင်တားနားက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝလိုက်နာရန်နှင့် တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် တိုက်တွန်းထားသည်။

Credit: အားမာန်၊ သန်းဌေး (7Day News Journal)
Unknown at 4:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.