မြန်မာ့လက်ရွေးစင်အသင်းအတွက် အိမ်ကွင်းဝတ်စုံ အထည်နှစ်ရာနဲ့ အဝေးကွင်းဝတ်စုံနှစ်ရာ သူတို့ဘက်က စပွန်ဆာပေးမယ်ဆိုတာပါ။ လောလောဆယ် အခြေအနေအရ ငွေကြေးစပွန်ဆာ မပါသေးဘဲ အခြားလိုအပ်ချက် ပစ္စည်းတွေလည်း စပွန်ဆာပေးဖို့ရှိနေပါတယ်
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ဝတ်စုံများကို စပွန်ဆာပေးရန် ကမ်းလှမ်းထားသည့် အင်္ဂလန်အခြေစိုက် ကမ္ဘာကျော် အားကစားဝတ်စုံကုမ္ပဏီ Umbro မှ တာဝန်ရှိသူများ ယခုလ တတိယပတ်အတွင်း ရန်ကုန်သို့ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “Umbro က တာဝန်ရှိသူတွေ အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ရန်ကုန်ကို လာရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့နဲ့ အကြိုသဘောတူညီချက် ရရှိထားတာကတော့ မြန်မာ့လက်ရွေးစင်အသင်းအတွက် အိမ်ကွင်းဝတ်စုံ အထည်နှစ်ရာနဲ့ အဝေးကွင်းဝတ်စုံနှစ်ရာ သူတို့ဘက်က စပွန်ဆာပေးမယ်ဆိုတာပါ။ လောလောဆယ် အခြေအနေအရ ငွေကြေးစပွန်ဆာ မပါသေးဘဲ အခြားလိုအပ်ချက် ပစ္စည်းတွေလည်း စပွန်ဆာပေးဖို့ရှိနေပါတယ်”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ အကယ်၍ Umbro နှင့်သဘောတူစာချုပ် အပြီးသတ်ချုပ်ဆိုပြီးပါက ၎င်းကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အရောင်းဆိုင် လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူထားသော ဥရောပသမဂ္ဂအဖွဲ့ဝင် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့အခြေစိုက် ကမ္ဘာကျော် အားကစားဝတ်စုံကုမ္ပဏီတစ်ခုဖြစ်သောကို Umbro သည် အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ အိုင်ယာလန်၊ ဝေးလ်စ်အသင်း အပါအဝင် လက်ရွေးစင် အသင်း ၁၂ သင်း၏ ဝတ်စုံများကို စပွန်ဆာပေးထားသည်။
Credit: ဗိုလ်ဗိုလ်ဝင်း (7Day News Journal)
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge