Wednesday, February 29, 2012

မန္တလေးမြို့တော်ဝန်အသစ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာ ဆက်လက် အသုံးပြုခွင့်မသိသေးဟုဆို

မတ်လ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်နေရာနှင့် ပတ်သက်၍ ဆက်လက် အသုံးပြုခွင့် ပေးမပေးကို ယနေ့စတင် တာဝန်ထမ်းဆောင်သော မြို့တော်ဝန်အသစ် ဦးအောင်မောင်းက မသိသေးကြောင်းပြောသည်။ “မသိသေးဘူးခင်ဗျ၊ ဒါတွေကြိုပြီးတော့ မသိဘူးခင်ဗျ၊ ဘာမှမလေ့လာ ရသေးဘူး၊ အဓိကကလည်း အဲဒါက ရွေးကောက်ပွဲ ကော်မရှင်က လုပ်ထားတဲ့စည်းမျဉ်းဥပဒေတွေနဲ့ ခွင့်ပြုထားတာပါ။ ဆက်လက် အသုံးပြုခွင့်ပေးမပေးဆိုတာ မသိသေးပါဘူးဟု မြို့တော်ဝန်အသစ် ဦးအောင်မောင်းက ပြောကြားသည်။” “အရင်လူလုပ်သွားတာကို နောက်လူကဖျက်လို့မှ မရတာ၊ ဆက်ခွင့်ပြုမယ်ထင်ပါတယ်”ဟု မန်းမြို့ခံတစ်ဦးကပြောသည်။ မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်လာရောက်မည့် ဒေါ်အောင်ဆန်း စုကြည်က ဟောပြောရန်နေရာကို ၅၀ လမ်းနှင့် ၅၁ လမ်းကြား၊ ၅၁ လမ်းနှင့် အောင်ဇေ ယျလမ်း၊ အောင်ပင်လည်၊ ချမ်းမြသာစည်ရှိ စည်ပင်ပိုင်မြေကွက်လပ်တွင် စည်ပင်မှ ခွင့်ပြု ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ် သည့် တိုင်းဒီချုပ် စာနယ်ဇင်းတွေ့ဆုံပွဲတွင် မန်းတိုင်း အောင်နိုင်ရေး ဥက္ကဌ ကပြောသည်။ မန္တလေးမြို့သူမြို့သား များသည် ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲအတွက် ရွှေခွပ်ဒေါင်း၊ ခွပ်ဒေါင်း အလှပြ ကားများ ပြင်ဆင်နေပြီ အဆိုပါကွင်းသို့ သွားရောက်လေ့လာ သူများ ရှိနေကြောင်း သိရသည်။
ပေါ်ပြူလာဂျာနယ်
Unknown at 9:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.